-9-

5.4K 534 8
                                    

Unicode

နိုင်ငံတော်ရဲ့ ဒုတိယဝန်ကြီးချုပ် လုပ်ကြံသတ်ဖြတ်ခံရ....။

အသတ်ခံရမှုမှာ ရက်စက်စွာ သတ်ဖြတ်ထားခြင်းဖြစ်ပြီး မျက်နှာတစ်ဝိုက်ကိုလည်း ဘယ်သူမှန်းမသိလောက်အောင်ထိ ဓားဖြင့် ခြစ်ထားခြင်း​တွေလည်း ရှိနေလေသည်။

"ဒီလောက်ထိ လုပ်ထားတာ အငြိုးရှိလို့ပဲ ဖြစ်မယ်နော် သားငယ်"

ဝမ်ရိပေါ်က အမေဖြစ်သူရဲ့ ပေါင်ကို ခေါင်းအုံးထားပြီး တီဗြီကို နောက်ကျောပေးထားသည်။တီဗွီကလာနေတဲ့ သတင်းတွေကို သူ တကယ်မကြည့်ချင်တာမို့...။

"မသိဘူးလေ မားရဲ့...
အခု အိပ်ချင်နေတယ်"

မာမားက သူ့ဆံပင်တွေကို ပွတ်ပေးရင်း ခပ်ဖွဖွပုတ်ပေးနေလေသည်။အိုး...ရှစ် ဟိုဘဲကို သတိရသွားပြန်ပြီ။အခုလောက်ဆို တစ်ညအိပ်ဘဲတစ်ဘွေနဲ့ပဲ ပျော်နေလေမလား?

လွန်ခဲ့တဲ့ တစ်လလောက်တုန်းက အိမ်ပြန်ရင် အရမ်းပျော်မယ်ထင်နေခဲ့တာ...။အခုကျတော့လည်း ထင်ထားသလောက် သိပ်မပျော်သလိုပဲ။ရင်ထဲမှာ အလိုလိုစိုးရိမ်စိတ်တွေက တရိပ်ရိပ်။သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ ပျော်ရွှင်နေမှာ သူ တကယ်မလိုလားပါ..။

ဘာလို့လဲဆိုရင် အဖြေမရှိသေးပေမဲ့ တအားလှတဲ့ ထိုလူ့ကို အခြားသူတွေနဲ့ မျှမသုံးချင်တာကတော့ ထိပ်ဆုံးဖြစ်မည်။ဒါပေမဲ့လည်း ဘောစ့်အလှလေးက သူ့မှသူမှ မဟုတ်ဘဲ...။

"မား ကျွန်တော် ဒီတစ်ခါ နှစ်လကြာမှ ပြန်လာတော့မယ်...မား နေရတာအဆင်ပြေတယ်မလား?"

"သားငယ် အလုပ်က အရမ်းအရေးကြီးရင် မားဆီ ပြန်မလာလည်း ရပါတယ်..။ဖုန်းလေးတော့ မားကို ဆက်ပေါ့"

မားပေါင်ပေါ်က ထပြီး မားရဲ့ ပါးနှစ်ဖက်ကို မွှေးကြူလိုက်သည်။

"အရမ်းချစ်တယ် မာမား"

"မားလည်း သားငယ်လေးကို အရမ်းချစ်ပါတယ်"

********

အိမ်ထဲက ထွက်လာသည်နှင့် အသင့်စောင့်နေသော
ကောကျန်းချန်။

"ဟယ်လို ကော"

"ဟယ်လို ရိပေါ်..
မားနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ခဲ့ရလား?"

Criminal Virus [ Completed ] Where stories live. Discover now