-12-

4.8K 510 4
                                    

Unicode

ဒီမနက်ကို ဝမ်ရိပေါ် စောစောထဖြစ်တယ်။
အိပ်ရလားဆိုတော့လည်း ညလုံးပေါက် အိပ်မပျော်ဘူး။

ရင်ထဲမှာ ဆို့နစ်နစ်ခံစားချက်က ထုတ်ဖော်ကြည့်လို့လည်းမရ..။သူကိုယ်တိုင်ကလည်း ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိဘူး။

ဝမ်ရိပေါ်က မျက်နှာကို လက်နှစ်ဖက်အုပ်လို့ အော်ရယ်လိုက်မိသည်။

ဝမ်ရိပေါ် မင်းက အရူးပဲတဲ့။

ရေချိုးခန်းထဲ ဝင်သွားတယ်။ကိုယ်လက်သန့်စင်အောင် ရေချိုးပြီး အနည်းငယ်ချောင်ကျနေတဲ့ မျက်ကွင်းတွေကို လက်ဖြင့် အသာဖိကြည့်လိုက်သေးတယ်။

သူက ပျော့ညံ့တဲ့သူမဟုတ်ပါဘူး။
ဒါပေမဲ့ အရာရာကိုလည်း စိတ်တိုင်းကျ ထုတ်ဖော်ပြောလေ့မရှိဘူး။ပြီးတော့ တကယ့်အမှန်တရားတစ်ခုကိုလည်း သူ လက်ခံချင် မခံချင် ဖြစ်နေသေးတယ်။

သူ အပြင်ဘက်ကို ထွက်လာတော့ ကျန်းချန်ကောက
ဖုန်းဆက်လာတယ်။ဘေးနားကို ဝေ့ဝိုက်ကြည့်လိုက်တော့ ကျန်းချန်ကောကို သူတွေ့တယ်။လက်လှမ်းပြပြီး ကားဆီသို့ သူ ပြေးသွားလိုက်တယ်။

ကားတံခါးကို ဆွဲဖွင့်လို့ ပစ်ထိုင်လိုက်တယ်။
အဲ့အခါကျမှ တစ်ဖက်မှာ ထိုင်နေတဲ့ ဘောစ့်ကို သူ တွေ့တယ်။

"ဟိုင်း.."

ဝမ်ရိပေါ်က အဲ့လို အကြောတင်းတယ်။
သူမကြည်တဲ့ လူတစ်ယောက်ကို မင်္ဂလာပါလို့ သူ နှုတ်ဆက်ဖို့ စိတ်ထဲမပါဘူး။

"အင်း"

ဘောစ့်က လုပ်နေကျ နှုတ်ခမ်းလေး ကော့တက်လို့ သူ့ကို ပြုံးပြတယ်။ဟန်ဆောင်နေတဲ့ လေးစားမှုတွေ သူ့အပေါ်ပြသပြန်တယ်။ခေါင်းလေးစောင်းလို့ ရိပေါ်ဆံပင်တွေကို လာဖွတယ်။

လက်ချောင်းလေးရဲ့ အထိအတွေ့ကြောင့် ရိပေါ်နှလုံးခုန်နှုန်းတွေ မြန်လာတယ်။သတိဝင်လာတာနဲ့အလျှင်အမြန် လက်ကို ဖယ်ထုတ်လိုက်တယ်။

"ကျုပ်က ကလေးမဟုတ်ဘူး"

သူက အဲ့လိုပဲ။
ဒီလူတစ်ယောက်တည်း အပေါ်မှာပဲ ရိုင်းချင်နေတာ။
ပြီးတော့ လူတကာခေါင်းလိုက်ကိုင်နေတဲ့ အဲ့လက်နဲ့
သူ့ခေါင်းကို လာကိုင်တာ သူ မကြိုက်ဘူး။

Criminal Virus [ Completed ] Where stories live. Discover now