Unicode
"ဝမ်ရိပေါ်က ငတုံးလေး"
နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေစဥ်မှာပဲ သူ့နှာခေါင်းကို ပွတ်ဆွဲသွားတဲ့ လက်ကလေးကို သူ သတိလိုက်မိပါရဲ့။
ဘာတဲ့ သူက ငတုံးလေးတဲ့..။
သူ ဘာတွေများတုံးနေလို့လဲ။ဒီအရွယ်လေးနဲ့ ဒီလောကမှ မသေအောင်နေနိုင်တာနဲ့ပင် တော်တော်လည်နေပြီကို။အဲ့လူမို့ သူ့ကို ပြောရက်တယ်...။
ဝမ်ရိပေါ် နောက်တစ်ခေါက် ပြန်အိပ်ပျော်သွားခဲ့တယ်။ဒီတစ်ခါ နိုးလာသည့်အခါမှတော့ နေမနည်းပင်
မြင့်နေပြီ ဖြစ်သည်။ဘေးနားတစ်ဝိုက်ကို ကြည့်လိုက်တော့လည်း ဟိုလူ့ကို
အရိပ်လေးတောင် မတွေ့ရ။ဒါဆို သူ့ကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ပြီး အလုပ်သွားတယ်ဆိုပါတော့..။ခုံပေါ်တင်ထားတဲ့ ဖုန်းကို သူ ဖွင့်လိုက်တယ်။
ပြီးတာနဲ့ မစိမ်းသက်သော ဖုန်းနံပါတ်ကို သူ နှိပ်လိုက်သည်။"ဝေ...ဝမ်ရိပေါ်"
"ကျုပ်နိုးပြီ"
တစ်ဖက်က ရှောင်းကျန့်က ခေါင်းငုံ့လို့ ပြုံးလိုက်သည်။အိပ်ယာနိုးတာတောင် ဖုန်းဆက်ပြီး ပြောတဲ့
အဲ့ဒီ့ကောင်လေးက သူ့ကို အဖေလို့များ ထင်နေတာလား။ကလေးပေါက်တွေကို ချစ်နေရတာလည်း လွယ်မနေပါဘူး...။
"နိုးရင်လည်း ရုံးကို လာခဲ့"
"ခင်ဗျားလာခေါ်..."
"ကျန်းချန် လာခေါ်လိမ့်မယ်။
ကိုယ် မအားဘူး အစည်းအဝေးလုပ်ရဦးမယ်""မရဘူး!"
"ဝမ်ရိပေါ်...မဆိုးနဲ့"
"ခင်ဗျားလာ"
တစ်ဖက်က ရည်ရွယ်ချက်ချက်ရှိရှိ ချသွားတဲ့ဖုန်းကို
စိုက်ကြည့်ပြီး ဝမ်ရိပေါ်က နတ်ဆိုးသဖွယ် ပြုံးလိုက်သည်။ဆိုးရတာ..သဘောကျလိုက်တာ။
ခင်ဗျားယောက်ျားကို လာထိန်းပေတော့ ရှောင်းကျန့်ရေ..။
အဓိပ္ပါယ်မရှိတဲ့ အချစ်ဦးဆိုတာတွေ ဘာတွေမေ့ပစ်လိုက်!*******
ရှောင်းကျန့် အစည်းအဝေးပြီးတော့ စိတ်အေးသွားဟန် ကော်ဖီခါးခါးတစ်ခွက်ကို သောက်နေ
လိုက်သည်။
YOU ARE READING
Criminal Virus [ Completed ]
फैनफिक्शनFor @NanSandarSoe9 But she told me it's also mine. - BJYX MYANMAR FANFICTION -