Unicode
ဝမ်ရိပေါ် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လို့ သူ့ကိုယ်ပေါ်က ထိုလူကို ဖယ်ရန် ကြိုးစားလိုက်သည်။သူခန္ဓာကိုယ်ကတုံ့ပြန်နေသော်လည်း မူးနေတဲ့သူကို အခွင့်အရေးမယူသင့်ဘူးလို့ သူ သုံးသပ်မိလေသည်။
"ကိုယ့်ကို ဆက်ပြီး တွန်းဖယ်နေမယ်ဆိုရင် အိမ်ပြန်လိုက်တော့ ဝမ်ရိပေါ်"
မျက်ခုံးတွေ တွန့်ချိုးလို့ သူ့အား အလိုမကျစွာ ထိုလူက ကြည့်လာလေသည်။
"ကိုယ် မင်းကို ပါတနာအဖြစ်ငှားထားတာ ဒီအတိုင်း ထိုင်ကြည့်နေဖို့ မဟုတ်ဘူးဆိုတာတော့ သိတယ်မလား?"
သူ့ကိုယ်ပေါ်က ထိလို့ တစ်ဖက်လှည့်သွားတဲ့ထိုလူကို
လက်ကောက်ဝတ်အား ဆွဲကာ သူ့အပေါ်ပြန်ထိုင်စေလိုက်သည်။"ကျုပ် ခင်ဗျားနဲ့ ပိုရင်းနှီးချင်တယ်....ပြီးမှ ခင်ဗျား
သိပ်လုပ်ချင်နေတဲ့ဟာကို လုပ်ချင်တယ်""အဲ့တာလုပ်ဖို့ဆို ဘာမှ ရင်းနှီးစရာမလိုဘူး။
မင်း အဲ့တာမလုပ်ချင်လည်း ရတယ်။ကိုယ့်အတွက် တစ်ညတစ်ယောက်လောက်က ရှားမနေဘူး။မင်း သိထားရမှာက မူပိုင်ရထားတဲ့ မင်းက သိပ်ကို ကံကောင်းတယ်ကိုပဲ"ဘာမှပြန်မပြောဘဲ ဝမ်ရိပေါ်က ရှောင်းကျန့်တစ်ကိုယ်လုံးအား ပွေ့ချီလိုက်သည်။
"ခင်ဗျားကိုယ်ကလည်း ပေါ့လိုက်တာ...
တစ်နေ့တစ်နေ့ ဘာမှမစားဘဲ ဆေးလိပ်တွေပဲသောက်နေတာမလား?""ကိုယ့်သဘောပါ"
ဝမ်ရိပေါ်က ရှောင်းကျန့်အား အိပ်ယာပေါ် ပစ်ချလိုက်သည်။ပြီး၌ သူ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်သည်။
"ကျုပ်အသက် နှစ်ဆယ်ကျော်ကျော်ပဲ ရှိသေးပေမဲ့ ဖွံ့ဖြိုးမှုက အရွယ်ရောက်သင့်တာထက်တော့ ရောက်နေတယ် ခင်ဗျားအဆင်ပြေပါ့မလား?"
အိပ်ယာထဲ နစ်မြှပ်နေတဲ့ ထိုလူက သိပါတယ်ဆိုတဲ့အထာဖြင့် ခပ်ပြုံးပြုံးလေးပြုံးပြသည်။
အရင်ဆုံး ထိုလူနဲ့မျက်နှာချင်းဆိုင်အုံ့မိုးလိုက်ပြီး
သွယ်လျပါတယ်ဆိုတဲ့ ထိုလူ့မျက်ဝန်းတွေကို စိုက်ကြည့်လိုက်သည်။
YOU ARE READING
Criminal Virus [ Completed ]
FanfictionFor @NanSandarSoe9 But she told me it's also mine. - BJYX MYANMAR FANFICTION -