-23-

4.6K 470 13
                                    

Unicode

ရှောင်းကျန့် မျက်လုံးကို ဖွင့်ကြည့်လိုက်ပေမယ့် ဘာမှမမြင်ရသလို မြင်ကွင်းကိုလည်း တစ်စုံတစ်ခု ပိတ်ထားသလို ခံစားရလေသည်။

အသိအာရုံကို အနည်းငယ်စူးစိုက်ကြည့်လိုက်တော့
သူထိုင်နေတာ ကြမ်းပြင်မဟုတ်ဘဲ ဆိုဖာတစ်ခုလိုပေါ်မှာ။ဒါမှမဟုတ် အိပ်ယာတစ်ခုလည်း ဖြစ်နိုင်သည်။

လက်ကို အသာလှုပ်ရှားကြည့်တော့ ရတာကြောင့် အလျှင်အမြန်ပဲ မျက်လုံး၌ အုပ်ထားသောအရာကို
ဖယ်လိုက်သည်။

"နိုးလာပြီလား...ဘောစ့်!"

သူ့ဘေးမှာ မတ်တပ်ရပ်နေသူက ကျန်းချန်။

"ကျန်းချန်..."

ရှောင်းကျန့် ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ကြည့်လိုက်တော့ ဟိုတယ်ခန်းဖြစ်ပုံရနေပြီး သူက ဘယ်လိုလုပ်ပြီး အချုပ်ခန်းထဲမှာမဟုတ်ဘဲ ဒီအခန်းထဲကို ရောက်နေတာလဲ။

"ကျန်းချန်..ငါ အိမ်မက် မက်နေတာလား?"

"မဟုတ်ပါဘူး ဘောစ့်"

"ဒါဆို အခု ငါ ဘယ်ရောက်နေတာလဲ?"

"ဘောစ့်လွတ်မြောက်လာတာပါ"

ရှောင်းကျန့် အိပ်ယာပေါ်က ကုန်းထလိုက်ပြီး ကျန်းချန်အနားကို တိုးသွားလိုက်သည်။

"ဘယ်သူ့အကူအညီနဲ့လဲ...အမှန်အတိုင်းပြော ကျန်းချန်"

ကျန်းချန်က ရှောင်းကျန့်ကို တစ်ချက်ဦးညွှတ်ပြီး ပြန်ထိုင်စေလေသည်။

"ရိပေါ် အကူအညီနဲ့ပါ။
လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ကို ရိပေါ် ဖွင့်ပြောခဲ့ပါတယ်...ကျွန်တော်တို့ နည်းလမ်းတွေ အများကြီး ရှာဖွေခဲ့ပါတယ်။ဒီလိုနေ့မျိုးမှာတော့ ကျွန်တော်တို့ အကောင်းဆုံးရှာဖွေထားတဲ့ နည်းလမ်းဖြင့် ဘောစ့်အား ကယ်တင်နိုင်ခဲ့ပါတယ်။"

"ငါ့ကို အစွမ်းကုန် လိမ်ပြီးမှ အခုလို ကူညီလိုက်တာလား..."

စားပွဲခုံပေါ်မှာ အသင့်တင်ထားသော စီးကရက်ဘူးကို
ဖွင့်လိုက်ပြီး ဆေးလိပ်တစ်လိပ်ယူကာ မီးညှိလိုက်သည်။

"အခု ဟိုမှာ သူက ရာထူးကောင်းလေးနဲ့ ကျန်ခဲ့တယ်ပေါ့...ငါ့ဘက်ကို တစ်စက်မှ မကြည့်ဘဲနဲ့လေ"

Criminal Virus [ Completed ] Where stories live. Discover now