"အကြိုတော်ကြီး လာပြီဟေ့..."
အဖျော်ဆရာကိုပြုံး၏ စကားကြောင့် ဆိုင်းလော့ဒ်၏အကြည့်တို့ ဘားအဝင်၀ဆီသို့ တန်းရောက်သွား၏။ခြေလှမ်းမှန်မှန်ဖြင့် ဘားထဲသို့လျှောက်ဝင်လာသော ရှင်းခန့်အား တွေ့လိုက်ရသောကြောင့် သောက်စရာတစ်ခုအား ထုံးစံအတိုင်း စပ်ဟပ်ပေးဖို့ ပြင်လိုက်သည်။
"အကြိုတော်ကြီးက အချိန်မှန်ပဲနော်..."
ကိုပြုံးက ပခုံးချင်းတိုက်၍ ပြောသည်။အခုနောက်ပိုင်း ရှင်းခန့်က ဘားသ်ို့ပုံမှန်ရောက်လာတက်ပြီး တစ်ခွက်တစ်ဖလားမော့ကာ သူ့ကိုပါအတူတူ လမ်းကြုံခေါ်၍ပြန်တက်သည်။ရှင်းခန့်ကတော့ သူ့ဖာသာဘားမှာ ညဖက်အပန်းလာဖြေပြီး လမ်းကြုံတင်သွားတာဆိုပေမဲ့ အလုပ်ထဲမှလူများကတော့ ဆိုင်းလော့ဒ်ကိုပဲ တမင်လာကြိုတာလိုလို ဘာလိုလိုဖြင့် ဘာကိုစနောက်ချင်နေကြမှန်း နားမလည်တော့ပေ။
"မင်းအတွက်အကြိုတော် အပို့တော်....ဒီလိုနဲ့မိန်းမထပ်မရတော့ပဲ ယောက်ျားပဲရတော့မှာလား ဘရို..."
စိုးမိုး၏ စကားကြောင့် ပုလင်းကိုကိုင်ထားသော ဆိုင်းလော့ဒ်၏ လက်တို့တင်းကနဲ ဖြစ်သွားရသည်။
!ယောက်ျားရတော့မယ်ဆိုတာ ဘာစကားလဲ...!
"အဲ့အကိုက တကယ်ချောတာနော် ဖြူဥနုဖတ်နေတာပဲ ယောက်ျားချင်းတောင် ချိုချင်စရာလေး...ဟက် အဲ့ဒါမို့ တို့ကလေးအဖေကြီး ပစ်ကြွေသွားတာများလား..."
စိုးမိုးက မဲမှောင်တည်တင်းနေသော ဆိုင်းလော့ဒ်၏ မျက်နှာရိပ်မျက်နှာကဲကို သတိမပြုမိပါပဲ သူ့စရိုက်အတိုင်း အာချောင်နေ၏။
"ယောက်ျားချင်း ကြွေစရာဘာအကြောင်းရှိလဲ စိုးမိုး အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ သူ့ဖာသာ ဘားလာထိုင်တာ ငါ့ကိုလာကြိုတာလည်း မဟုတ်ဘူး.."
ဆိုင်းလော့ဒ် ခပ်တင်းတင်းပြောသော်လည်း စိုးမိုး၏မျက်နှာထားက ပို၍ပြီတီတီဖြစ်လာကာ....
"အဲ့လိုပဲပြောပြောပြီး ကျွန်တော့်သူငယ်ချင်းတစ်ကောင်လည်း အခြောက်မနဲ့ညားသွားတာပဲ အဟား...."
YOU ARE READING
Wild Rose(complete)
General Fiction"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူက်ိုအရူးအမူး စွဲလမ်းစေတယ်" ...