"ဘာလို့ အနီရောင်တွေချည်းပဲလဲ..."
နီစွေးနေတဲ့ ကတ္တီပါလိုက်ကာအရှည်ကြီးတွေရယ်၊ကြက်သွေးရောင်ရင့်နေတဲ့ နှစ်ယောက်အိပ်ကုတင်ကြီးရယ်၊ပြီးတော့ ခြေဖဝါးအောက်က အိစက်နေတဲ့အခင်းကအစ အနီရောင်တွေချည်း။နှစ်ယောက်သား မပြေလည်စဥ်ကတည်းက ဆိုင်းလော့ဒ်က ဒီဖက်အခန်းလေးကို ပြန်ဝယ်ထားတာဖြစ်သည်။ဟိုဖက်အိမ်ကြီးပေါ်မှာ ဆိုင်းလော့ဒ်မနေချင်ဘူးဆိုတာ သိနေတာမို့ ဒီဖက်မှာပြန်နေကြဖို့ပဲ ဖြစ်လာခဲ့သည်။အခန်းလေးကို လိုအပ်တာတွေထည့်ပြု ပြင်ဆင်ရင်း အလုပ်များနေခဲ့တာ။သူလည်း အလုပ်ရှုပ်နေတာမို့ အခန်းကိစ္စကို ဘာမှမမေးမိသလို လာလည်းမကြည့်ဖြစ်။အားလုံးပြင်ဆင်ပြီးလို့ အခုပြောင်းနေတော့မည်ဆိုမှပဲ အခန်းထဲခြေချမိသည်။
"ဘာဖြစ်လို့လဲ ခင်ဗျားအကြိုက်တွေပဲ ရွေးထားပေးတာလေ..."
ဆိုင်းလော့ဒ်က နောက်ကျောမှနေ၍ သိုင်းဖက်ရင်းဖြင့် သူ့၏ဂုတ်ပိုးလေးအား ငုံ့နမ်းရင်းပြောလာ၏။
"အကြိုက်တွေပဲ ဆိုပေမဲ့လည်း အဲ့လောက်ရဲတောက်နေတာကြီးကျတော့..."
ရှင်းခန့်ကပြောရင်းဖြင့် အသံလေးတိုးသွား၏။
"ကဲ! ဟုတ်ပါပြီ၊အဲ့ဒါဆို ဘယ်ဟာမကြိုက်တာလဲ လက်ညှိုးထိုးလိုက် အားလုံးပြန်လဲပေးမယ်..."
"တော်ပါပြီ၊ မင်း ပိုက်ဆံတွေအရမ်းပေါနေတာလား"
ရှင်းခန့်က မျက်ခုံးတွန့်တွန့်လေးဖြင့် ပြောပြီးမှ အနောက်မှနေ၍ သိုင်းဖက်ထားသောလက်အား ဖြုတ်ချပြီးမှ ကုတင်ရှိရာသို့လျှောက်သွားပြီးထိုင်ချသည်။ဇက်ကိုဟိုဟိုဒီဒီချိုးပြီးမှ...
"ပင်ပန်းလိုက်တာ..."
မျက်ခုံးလေးတွန့်ပြီး ခပ်တိုးတိုးငြီးငြူနေပုံလေးအားကြည့်၍ သူပြုံးမိပြီးမှ အနားသို့တိုးကပ်သွားပြီး ဇက်ကြောလေးအား ခပ်ဖွဖွဆွဲပေးလိုက်တော့ ရှင်းခန့်က မျက်လုံးလေးတွေ မှိတ်သွား၏။
"ပိုက်ဆံပေါတယ်တော့ မဟုတ်ပါဘူး၊ဒါပေမဲ့လည်း မောင်ရှာနေသမျှ ခင်ဗျားနဲ့သမီးအတွက်သုံးဖို့ပဲလေ..."
YOU ARE READING
Wild Rose(complete)
General Fiction"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူက်ိုအရူးအမူး စွဲလမ်းစေတယ်" ...