part11(Unicode)

33.1K 3.3K 431
                                    

"May be we're perfect strangers..."

"May be it's not forever..."

မနက်စောစောစီးစီး ဖုန်းringtoneသံက အခန်းလေးထဲ ထပ်ခါထပ်ခါ ဆူဆူညံညံမြည်လို့နေတယ်။

"ကျစ်..!"

ဆိုင်းလော့ဒ် ကျစ်ကနဲစုတ်သပ်မိရင်း ခေါင်းအုံးဖြင့် နားတစ်ဖက်ကို ဖိပိတ်လိုက်ပေမဲ့ ဆူညံနေတဲ့ ဖုန်းသံကတော့ နားထဲတိုးဝင်နေဆဲပဲ။မနက်စောစောစီးစီး ဘယ်သူကများ ဖုန်းလာခေါ်နေတာလဲ။ဖုန်းကမကိုင်မချင်း ခေါ်နေမည့်သဘောမှာ ရှိနေတာမို့ ဆိုင်း​လော့ဒ် အိပ်ချင်မပြေစွာ ကုန်းထရင်း ဖုန်းအားဆွဲယူလိုက်သည်။screenပေါ်မှာပေါ်နေတာက ဖုန်းနံပါတ်အစိမ်းတစ်ခု...။

"ဟယ်လို..."

ဖုန်းထဲမှ အိပ်ချင်မပြေစွာ ခပ်ဆောင့်ဆောင့် ထွက်ပေါ်လာသော အသံသြသြကြောင့် ရှင်းခန့် နှုတ်ခမ်းတို့အား အလိုအလျောက်တွန့်ကွေးမိသွားသည်။ညတုန်းက မနက်၂နာရီကြီး ပြေးပြေးလွှားလွှား အိမ်ရှေ့ရောက်လာပြီး
ဘယ်အချိန်မှ သွားပြန်အိပ်လဲမသိ။အခုထိ နိုးသေးပုံမပေါ်ချေ။

"နိုးပြီလား..."

ငြင်သာစွာထွက်ပေါ်လာသော ယောက်ျားသံတစ်ခုကြောင့် ဆိုင်းလော့ဒ် မျက်မှောင်ကြုတ်မိသည်။အသံကိုရင်းနှီးသလို ရှိပေမဲ့ ဘယ်သူမှန်းလဲ မမှန်းဆနိုင်ချေ။

"ဘယ်သူလဲမသိဘူး..."

"ကိုယ်ပါ...."

လေသံအတက်အကျကို ဖမ်းဆုပ်ကြည့်ပေမဲ့ လေသံက ငြင်သာစွာတည်ငြိမ်လို့နေသည်။

"နိုးပြီဆိုရင် မျက်နှာသစ်ပြီး ကိုယ့်ဆီလာခဲ့အုံး..."

အာရုံစိုက်နားထောင်နေရင်းဖြင့် ငြင်သာသော်လည်း အထက်စီးဆန်မှုတို့ ပါဝင်နေသော လေသံကိုသတိပြုမိသွားကာ ရှင်းခန့်မောင်မှန်း သိလိုက်သည်။

"ခင်ဗျား...ဖုန်းနံပါတ်ဘယ်ကရတာလဲ..."

ဆိုင်းလော့ဒ်မေးမိတော့ ဖုန်းထဲမှ ခပ်ဟဟရယ်သံထွက်လာပြီးမှ...

"မင်းဆိုင် ဆိုင်းပုဒ်ကြီးထဲမှာ ထည့်ထားတယ်မဟုတ်ဘူးလား.."

!ဟုတ်သား..သူ့ဆိုင်ရဲ့ ဆိုင်းပုဒ်အောက်မှာ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ ထည့်ထားပေးတာပဲ...ဒီလူ သူ့အကြောင်းတွေကို ဒီလောက်အထိ အသေးစိတ်လိုက်ကြည့်ထားတာလား..!

Wild  Rose(complete)Where stories live. Discover now