"ငါ့ကောင်လေးက မကြိုက်လို့လေ..."
"....."
"ဟုတ်တယ် ငါ ကိုရှင်းခန့်နဲ့ တွဲနေတာ..."
"...."
"ဒီအခြေအနေကို လက်ခံလိုက်ဖို့ ငါ့အတွက်လွယ်တော့ မလွယ်ကူခဲ့ဘူးပေါ့ ဒါပေမဲ့ လက်ခံနိုင်သွားတဲ့အချိန်ကျတော့ တစ်ဘဝလုံးအတွက် လက်မလွှတ်ချင်တော့တာ သေချာနေခဲ့ပြီ..."
"....."
"အချစ်ဆိုတာကို ငါသေချာခံစားတက်ခဲ့ပြီ သူငယ်ချင်း.."
ခုံကိုမှီ၍ ငြိမ်သက်စွာထိုင်နေသော်လည်း ဆိုင်းလော့ဒ်၏စကားသံတို့က သူမ၏နားထဲမှာ အခုပဲလာကပ်ပြောနေသလို အတိုင်းသားပြန်ကြားနေရသည်။ဆိုင်းလော့ဒ်က ကိုရှင်းခန့်နဲ့တွဲနေတာတဲ့။တစ်ဘဝလုံးအတွက်ကို လက်မလွှတ်ချင်တော့တာတဲ့လေ။ကျုံးဘေးမှာ နှစ်ယောက်အတူထိုင်ရင်း ဆိုင်းလော့ဒ်ကတော့ ဒီအတိုင်းစကားစပ်မိ ပေါ့ပေါ့ပါးပါးရင်ဖွင့်သွားပုံ။သူမအတွက်ကတော့ မပေါ့ပါးနိုင်ခဲ့ပေ။ရင်တစ်ခုလုံး လေးလံထိုင်းမှိုင်း၍ နာကျင်စူးအောင့်နေခဲ့သည်။
သံသာညိုဆိုတဲ့ သူမဟာ အဆင်းရောအချင်းရော ပြည့်စုံသည်ဆိုတာထက်ကို ပိုလွန်နေခဲ့တာ။လိုတိုင်းရခဲ့တဲ့ဘဝထဲမှာ ရမ်ဆိုင်းလော့ဒ်ဆိုတဲ့ လူတစ်ယောက်ကသာ သူမအတွက် ချွင်းချက်ဖြစ်နေခဲ့တာ။ဘဝတစ်ခုလုံးမှာ ဒီလူတစ်ယောက်ကိုသာ အကြိမ်ကြိမ်အခါအခါ ဆုံးရှုံးနေခဲ့တာ။ပထမတစ်ကြိမ်တုန်းကတော့ ပြင်ဆင်ချိန်တောင် မရလိုက်ပဲ ဒီလူကိုလက်လွှတ်ပေးခဲ့ရသည်။အခုတစ်ခေါက်ကျတော့လည်း သူမကိုကျော်ပြီးမှ ယောက်ျားတစ်ယောက်ကိုတဲ့လား။
"ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်အထိ အရုပ်ကြိုးပြတ် ဖြစ်နေရတာလဲဟယ်..."
အမွန်းက သူမ၏ပုံစံအားကြည့်၍ စိတ်မသက်သာသလို ပြောသည်။သူမ ဘာမှပြန်မပြောပဲ ဘီယာကိုသာ တစ်ကျိုက်မော့ချလိုက်တော့ အမွန်းက ခေါင်းခါယမ်းပြီးမှ...
"နင့်ရုပ်ရည် နင့်အနေအထားနဲ့က သူ့ထက်သာတာအများကြီးကို ခေါင်းခေါက်ရွေးလို့ရပါတယ်ဟာ..."
အမွန်းဆိုတာဟာလည်း မြစ်ကြီးနားမှာထဲက အတူတူပေါင်းသင်းခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေမို့ ဆိုင်းလော့ဒ်နှင့်သူမ၏ ဇာတ်လမ်းကို ကကြီးမှအအထိအစအဆုံးသိနေသည့်သူ။တက္ကသိုလ်တက်နေရင်း အမွန်းက မန္တလေးသားနှင့်အိမ်ထောင်ကျပြီး ယောင်နောက်ဆံထုံးပါခဲ့ရပေမဲ့ အဆက်အသွယ်မပြတ်ခဲ့ကြပေ။ဆိုင်းလော့ဒ် အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းကိုသိရတုန်းကလည်း အမွန်းရှေ့မှာပဲ သူမနာကျင်ပြိုလဲခဲ့ရတာဖြစ်သည်။
YOU ARE READING
Wild Rose(complete)
General Fiction"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူက်ိုအရူးအမူး စွဲလမ်းစေတယ်" ...