"မသွားဘူး မသွားဘူး ကိုကိုနဲ့ပဲသွားမှာ ကိုကိုနဲ့သွားမှာ..."
"ကိုကိုက မရှိဘူးလေ တီတီနဲ့သွားမယ်လေ ဒယ်ဒီလည်းလိုက်မှာ မီးမီးကလိမ်မာပါတယ်..."
"မသွားဘူး မသွားဘူး ကိုကိုနဲ့ပဲသွားမှာ ကိုကို့ကို ခေါ်ပေး အီး ဟီး ဟီး ကိုကို့ကို ခေါ်ပေး..."
"အို...မငိုရဘူးလေ အလှပြင်ထားတွေ ပျက်ကုန်တော့မှာပဲ..."
"ကိုကိုရေ့ အီး ဟီး ဟီး...."
"ဒီကလေးနဲ့တော့ ဒုက္ခပါပဲ...."
အခန်းထဲမှ နိုရာ့၏ငိုရှိုက်သံနှင့်အတူ အမဖြစ်သူ၏ငြီးငြူသံတို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်၍လာလေသည်။ဒီနေ့က နိုရာ့၏ကျောင်းဆင်းပွဲနေ့ဖြစ်သည်။ကလေးတွေအတွက် အတီးအမှုတ်အဆိုအကများဖြင့် စီစဥ်ထားသည်။နိုရာ အကအဖွဲ့ထဲမှာပါသည်မို့ ဒီကျောင်းဆင်းပွဲကို လွန်ခဲ့သည့်နှစ်လအလိုလောက်ကတည်းက ကြိုတင်စိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။တစ်နေ့ တစ်နေ့ ကျောင်းမှာအကတိုက်လာသမျှ အိမ်မှာပြန်ပြန်ကပြလွန်းလို့ ကကွက်တောင်ထိုင်ကြည့်ရင်း အလွတ်ရနေပြီ။ရှင်းခန့်ကလည်း ကျောင်းဆင်းပွဲနေ့ကျ သူပါလိုက်ပါမည်ဟု ကတိပေးထားခဲ့တာဖြစ်သည်။ကလေးဆိုတော့ ဖြစ်ပျက်သွားတဲ့ပြဿနာတွေကို နားမလည်နိုင်ပဲ ပေးထားခဲ့သည့်ကတိကိုသာ ကိုင်စွဲလို့နေသည်။
"ဘာတွေဖြစ်နေကြတာလဲ...."
သူအခန်းရှေ့၌ ငိုင်၍ရပ်နေမိဆဲ အနောက်မှအနူးကရောက်လာ၏။သူနှင့်ကတောက်ကဆ ဖြစ်ပြီးသည့်နေ့ကတည်းက အနူးစိတ်ထိခိုက်သွားသည်ထင် ဖျားသွားပြီးအိပ်ရာထဲမှ မထနိုင်။သူလည်းစိတ်တွေညစ်လွန်းလှတာမို့ သတင်းတောင်ဝင်မမေးမိပေ။အခုတော့ နိုရာ့ငိုသံကြောင့် ထလာပုံရ၏။အနူးက သူ့ကိုလည်းမေးရင်းဖြင့် အဖြေကိုမစောင့်တော့ပဲ အခန်းထဲသို့တန်းဝင်၍သွားလေသည်။
"အလှတွေ ပျက်ကုန်ပါပြီမြေးရယ် ဘာလို့ငိုနေရတာလဲ..."
"ကိုကို ကိုကို အီး ဟီး ဟီး ဟီး!"
"ဒယ်ဒီလိုက်မယ်လေ မီးမီးရဲ့..."
"အီး ဟီး ဒယ် အစ် ဒီနဲ့ ကိုကို အီး ဟီး ဟီး...."
YOU ARE READING
Wild Rose(complete)
General Fiction"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူက်ိုအရူးအမူး စွဲလမ်းစေတယ်" ...