"ဒီး....ဒီး....ဒီး...."
ဖုန်းဘိုင်ဗရေးရှင်းအသံက တိတ်ဆိတ်တဲ့အခန်းလေးထဲမှာ သိသာစွာတုန်ခါလို့နေသည်။ဖုန်းသံကြောင့် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ သူနိုးထလာရသည်။ခန္ဓာကိုယ်ကို လူးလွန့်ကြည့်တော့ ခါးပေါ်၌ဖက်တွယ်ထားသော လက်တွေကပို၍ တင်းကျပ်သွားရသည်။ဒီပုံစံအတိုင်း တစ်ညလုံးရင်ခွင်ထဲဆွဲထည့်ကာ ခပ်တင်းတင်းပွေ့ဖက်ထားတာက မနက်လင်းတဲ့အထိဒီအတိုင်းပဲ ဖြစ်သည်။နဂိုထဲက အိပ်ရေးမဆော့တက်သူမို့သာ။မဟုတ်လျှင် တစ်ညလုံးအိပ်ပျော်နိုင်မည်မထင်ချေ။သူ ဆိုင်းလော့ဒ်၏ ရင်ဘတ်ကြီးအား အသာအယာတွန်းလိုက်ပြီးမှ...
"ဖုန်းကိုင်ဦးမယ် ဖယ်ဦး..."
ဆိုင်းလော့ဒ်က မျက်လုံးမပွင့်လာပဲဖြင့် ညည်းညူသံပြုသည်။ပြီးတော့ခါးလေးကို ပို၍တင်းကျပ်အောင်ဆွဲဖက်ကာ
"မကိုင်နဲ့...."
အိပ်ချင်မူးတူးအသံဖြင့်ပြောပြီး သူ့နဖူးလေးအား ဖိကပ်တိုးဝှေ့နမ်းလေသည်။နှစ်ယောက်အတူအိပ်ဖြစ်ကြတာ ဒါပထမဦးဆုံး မဟုတ်ပေမဲ့လည်း သူတို့ကြားမှာ ဒီလိုကယုကယင်အပြုအမူမျိုးတွေ ရှိခဲ့ကြတာမှမဟုတ်ပဲ။စိမ်းသက်သော ရင်းနှီးကျွမ်းဝင်မှုမျိုးဖြင့် အတူရှိခဲ့ကြပြီးမှ ရုတ်တရက်ကြီး ကြင်နာချင်လာတဲ့ အပြုအမူတွေကို သူအသားမကျနိုင် ဖြစ်နေရသည်။
"မကိုင်လို့ရမလား အရေးကြီးဖုန်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ..."
ပြောရင်းဖြင့် ဖက်ထားသောလက်အား ဖယ်ထုတ်ကာ ဖုန်းအားဆွဲယူလိုက်ရသည်။နံပါတ်ကိုကြည့်လိုက်တော့ ဇွဲသုဖြစ်လို့နေသည်။ဆိုင်းလော့ဒ်ကလည်း ဖုန်းမျက်နှာပြင်အား စိတ်ဝင်တစား မျက်လုံးလှန်ကြည့်ရင်း မှတ်ထားသော နာမည်အားတွေ့သွားတာမို့ မျက်ခုံးတွေတွန့်သွား၏။
"ဟိုကောင်လေးလား..."
မှန်းချက်က နှမ်းထွက်ဖြင့်အကိုက်လွန်နေသည်။သူ ဘာပြန်ပြောရမှန်း မသိတော့။ဇွဲသုနှင့် အထင်လွဲခံထားရဖူးတာမို့ အခုလိုမျက်စိရှေ့ ဖုန်းခေါ်လာတော့ တစ်မျိုးကြီးဖြစ်နေသည်။
YOU ARE READING
Wild Rose(complete)
General Fiction"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" 19.2.2022 "ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူက်ိုအရူးအမူး စွဲလမ်းစေတယ်" ...