အပိုင်း(၅)

4.4K 734 22
                                    

Unicode

ရှောင်ချန်က ကျန်းမုကိုတိတ်တဆိတ် ခေါင်းညိမ့်ပြလိုက်ပြီးတော့ ဘေးခုံမှာဝင်ထိုင်လာတယ်။ကျန်းမုက ဘေးမှာဘယ်သူမှမပါဘဲရှောင်ချန်တစ်ယောက်တည်းလေယာဉ်ပေါ်တက်လာတာကို သတိထားမိသွားတယ်။
စိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီး ပြုံးကာ ရှောင်ချန်ကို "ဟယ်လို" လို့နှုတ်ဆက်လိုက်တယ်။

"ဒီမှာထပ်တွေ့ရတာ ဘယ်လိုတောင်တိုက်ဆိုက်တာလဲ။ခင်ဗျားရော ပဲရစ်ကိုသွားမလို့လား?။"

"အင်း။" ရှောင်ချန်က ပြန်ဖြေတယ်။

"အလုပ်ကိစ္စနဲ့လား..ဒီတိုင်းအပျော်လား?။" ကျန်းမုကမေးတယ်။

"အပျော်ပဲ..မော်ရိုကို ကိုသွားမလို့။" ရှောင်ချန်က ပြောတယ်။

"ခင်ဗျားလည်း မော်ရိုကို ကိုသွားမှာ?။" ကျန်းမုက အံ့အားသင့်ပြီးမေးလိုက်တယ်။ပြောပြီးနောက် အရမ်းစိတ်လှုပ်ရှားနေဟန်ပေါက်နေတော့ မြန်မြန် သူ့ရဲ့ခံစားချက်တွေကိုသိမ်းဆည်းပြီး ရှင်းပြလိုက်တယ်။

"အာမ်...ကျွန်တော် တော်တော်လေးအံ့ဩသွားလို့ပါ။ကျွန်တော်လည်းမော်ရိုကို ကိုသွားမလို့လေ။ကျွန်တော်တို့က တကယ့်ကိုရေစက်ပါတာပဲ။"

ရှောင်ချန်က သူ့ကိုတစ်ချက်ကြည့်ပြီး ခေါင်းညိမ့်ပြကာ ဘာမှထပ်ပြောမလာဘူး။

"အပျော်ခရီးသွားမယ်ဆိုပြီး ဘာလို့အဖော်ခေါ်မလာတာလဲ?။တစ်ယောက်တည်း ခရီးသွားရတာ ပျင်းစရာကြီးကို..။" ကျန်းမုက စိတ်မဝင်စားချင်ယောင် ဟန်ဆောင်ကာမေးလာတယ်။

"မင်းရောပဲလေ။" ရှောင်ချန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလာတယ်။ကျန်းမုက သူ့မှာငြင်းစရာ ဘာအကြောင်းပြချက်မှမရှိတဲ့အတွက် ခဏလောက် ကြက်သေသေသွားရတယ်။

သူက အခွင့်အရေးကိုယူ ပြီးတော့ ဒီလိုပြောချင်နေတာ...ခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်လုံးက မော်ရိုကို ကိုသွားမှာ..ပြီးတော့ အဖော်လည်းမပါကြဘူး..ဆိုတော့နှစ်ယောက်တူတူသွားကြရင် ကောင်းမလား..ဆိုပြီးတော့။ရှောင်ချန်ရဲ့မျက်နှာကိုကြည့်ရင် မျက်နှာသေကိုတွေ့ရမှာဖြစ်တဲ့အတွက် အဲ့ဒီ့အတွေးကို လည်ချောင်းထဲပြန်မျိုချလိုက်ရတယ်။

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Where stories live. Discover now