အပိုင်း(၁၃)

3K 577 20
                                    

Unicode

ကျန်းမုက နွေးထွေးတဲ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး နေ့လည်၁၂နာရီထိုးခါနီးမှ နိုးလာတော့တယ်။အခန်းထဲက ခန်းစီးကအစိပိတ်ထားပြီး သူ့ဘေးမှာရှောင်ချန်က ပက်လက်အိပ်ပျော်နေတယ်။

ရှောင်ချန်ကို မနိုးသွားစေချင်တဲ့အတွက် ကျန်းမုက ဂရုတစိုက်ဘေးကိုလှိမ့်လိုက်ပြီး အိပ်ရာကနေထလိုက်တယ်။

အဝတ်အစားလဲလိုက်ပြီးနောက် ကျန်းမုက အပြင်ထွက်သွားတော့တယ်။ခရီးအတွက် အစီအစဉ်ဆွဲတုန်းက ခရီးသွားတွေအများစုသွားကြတဲ့ စားသောက်ဆိုင်ကောင်းတစ်ခု ဟိုတယ်နားမှာရှိတယ်ဆိုတာ သိထားတဲ့အတွက် ကျန်းမုက သွားကြည့်ချင်ပြီး ရှောင်ချန်အတွက်လည်း ပါဆယ်ဝယ်လာခဲ့မယ်လို့ တွေးလိုက်တယ်။

စားသောက်ဆိုင်ကိုရောက်ဖို့က ၁၀မိနစ်ကျော်လောက်ပဲကြာပြီး ရောက်တဲ့အခါ ဆိုင်ကကျဉ်းတယ်ဆိုတာ သိလိုက်ရပေမဲ့ လမ်းကြားတွေကတော့ အရက်နံ့၊ဝိုင်နံ့တွေနဲ့မွှန်ထူမနေဘူး။ပြီးတော့ လာရောက်စားသုံးသူအများအပြားရှိပြီး တန်းစီရတဲ့လိုင်းဟာလည်း အရှည်ကြီးပဲ။

ကျန်းမုက အလျင်မလိုတဲ့အတွက် နောက်ဆုံးကနေ ဝင်စီလိုက်တယ်။

မကြာခင်မှာပဲ လူငယ်လေးတစ်ယောက်က သူ့နောက်မှာလာရပ်တယ်။ထိုလူငယ်က တရုတ်ဆိုတာသိသာပြီး အသက်ကလည်း သူနဲ့တူတူလောက်ပဲရှိမယ်။နိုင်ငံရပ်ခြားမှာ ကိုယ့်လူမျိုးအချင်းချင်းတွေ့ရတာ ဝမ်းသာဖို့ကောင်းတဲ့အတွက် နှစ်ယောက်လုံးက ဖော်ဖော်ရွေရွေကြည့်လိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်ကြတယ်။

ကျန်းမုအလှည့်ရောက်တဲ့အခါ ဟင်းပွဲတစ်ချို့ကိုမှာယူလိုက်ပြီး အလျင်စလိုထွက်လာခဲ့တာကြောင့် ပိုက်ဆံရှင်းရမဲ့အချိန်မှာ ငွေသားပါမလာခဲ့ဘူး။

နမော်နမဲ့နိုင်မှုက ကျန်းမုကိုစိတ်အနှောင့်အယှက်ဖြစ်သွားစေပြီး တခြားနည်းလမ်းမရှိတဲ့အတွက် သူကရှောင်ချန်ကိုဖုန်းခေါ်ပြီး ပိုက်ဆံယူလာခိုင်းဖို့ အကြံရလိုက်တယ်။

ဒါပေမဲ့ ဖုန်းနံပါတ်ကိုမနှိပ်ခင်မှာပဲ သူ့နောက်ဘက်က လူငယ်က ရုတ်တရပ် သူ့ကိုကူညီကာ ငွေပေးချေလိုက်ရင်း ထပ်ပြီးပြုံးပြလာတယ်။

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Wo Geschichten leben. Entdecke jetzt