အပိုင်း(၁၄)

5K 641 57
                                    

Unicode

၂ရက်တိတိအနားယူပြီးနောက် ကျန်းမုတို့နှစ်ယောက်ဟာ ဆာဟာရာသဲကန္တာရကို ကားမောင်းသွားခဲ့ကြတယ်။ထိုနေရာက ကျန်းမု အသွားချင်ဆုံးနေရာဖြစ်တဲ့အတွက် သူက ခရီးစထွက်တည်းက တက်ကြွနေပါတော့တယ်။

ဆာဟာရာသဲကန္တာရကို သွားရခြင်းရဲ့ရည်ရွယ်ချက်က လေတိုက်အားကောင်းပြီး မြင့်မားတဲ့ atlasတောင်ကိုတက်ဖို့ ဖြစ်ပေမဲ့ အမြဲတည်ငြိမ်ပြီးလေးနက်တဲ့ရှောင်ချန်က အမြင့်ကိုကြောက်တတ်မယ်လို့ ကျန်းမုက မထင်ခဲ့ပါဘူး။ဒါကြောင့် ကျန်းမုက တောင်တွေကြားက လမ်းကြောင်းတစ်လျှောက်သာ မောင်းနှင်ခွင့်ရရှာတယ်။ဒါတောင် ရှောင်ချန်က တောတောင်တွေကိုပြတင်းပေါက်ကနေတဆင့် တိတ်တဆိတ်ကြည့်ရှုရင်း မျက်နှာက တဖြည်းဖြည်းဖြူဖျော့လာတော့တယ်။

ကျန်းမုက ရှောင်ချန်ကိုဘေးကနေ ခိုးခိုးကြည့်ရင်း ရှောင်ချန့်မှာလည်းအားနည်းချက်ရှိသားပဲဟုတွေးမိကာ မရယ်ဘဲမနေနိုင်တော့ဘူး။

Atlasတောင်ကိုဖြတ်ကျော်ပြီးနောက် မကြာခင်မှာ သူတို့နှစ်ယောက် Quarzazateကို ရောက်ရှိသွားကြတယ်။

အချိန်အားဖြင့် စောနေသေးတော့ သူတို့ အိုက်ပန်ဟဒူးရွာကို ဆက်သွားကြတယ်။

ဟဒူးရွာက ကျော်ကြားတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ဒေသဖြစ်ပြီး ဟော်လီဝုဒ်ရုပ်ရှင်များ လာရောက်ရိုက်ကူးကြတဲ့နေရာလည်းဖြစ်တယ်။မော်ရိုကိုမှာ အလှဆုံးရှေးဟောင်းရွာလို့လည်း ဆိုလို့ရတယ်။

ဒေသက အဝါရောင်သဲနဲ့ဖုန်မှုန့်တွေနဲ့ပြည့်လို့နေပြီး ခရီးသွားတွေကလွဲရင် နေထိုင်သူအနည်းကျဉ်းသာရှိတဲ့အတွက် အထီးကျန်ဆန်တဲ့သဲသောင်ပြင်ဆိုလည်း ဟုတ်တယ်။

ကားရပ်ပြီးနောက် ကျန်းမုက ရှောင်ချန်နဲ့အတူ ရွာထိပ်ဆီကို စိတ်လှုပ်ရှားစွာ တက်သွားကြတယ်။

ထိပ်ဆုံးရောက်လေ လှေကားထစ်တွေကကျောက်စရစ်တွေနဲ့ ပိုပြီးမညီညာဖြစ်လာကာ တက်ဖို့ခက်ခဲလာပေတယ်။

လှေကားတစ်ဝက်ရောက်တော့ ကျန်းမုက မောပန်းလွန်းလို့ အသက်ရှုမဝဖြစ်ကာ ရှောင်ချန်ကိုလှမ်းကိုင်လိုက်ရတယ်။

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Where stories live. Discover now