အခန်း(၆)

4K 699 9
                                    

Unicode

ကျန်းမုက တစ်ယောက်ခန်းပဲယူထားတော့ အခန်းကသိပ်မကျယ်ဘူး။ဒါပေမဲ့ ကုတင်ကကြီးတော့ နှစ်ယောက်အိပ်ဖို့ လုံလောက်ပါတယ်။

ပြတင်းပေါက်ဘောင်မှာ အစိမ်းရောက်အပင်လေးတွေစိုက်ထားပြီး လိုက်ကာကတစ်ဝက်ပွင့်နေတော့ မှန်ကနေတောက်ပတဲ့ရောင်ခြည်တွေက ထိုးဝင်ရောက်လာတယ်။

ရှောင်ချန်က ကုတင်အစွန်းမှာထိုင်ကာ အခန်းအတွင်းကို ဝေ့ဝဲကြည့်နေတယ်။ကုတင်ပေါ်မှာရှုပ်ပွနေတာပဲ။အိပ်ရာခင်းနဲ့စောင်ကလုံးထွေးနေပြီး အဝတ်အစားတွေကလည်းဟိုတစ်ထည်ဒီတစ်စ ပြန့်ကျဲနေတယ်။အနက်ရောက်အောက်ခံဘောင်းဘီတစ်ထည်လည်းပါသေးတယ်။

ကျန်းမုက သူ့ရဲ့ခရီးဆောင်အိတ်ကိုမွှေရှာတော့ ဆေးဗူးအသေးတစ်ခုထွက်လာတယ်။ရှောင်ချန်ရဲ့မျက်လုံးတွေက အိပ်ရာပေါ်ရောက်နေတာတွေ့တော့ ကျန်းမုက သူ့ရဲ့အိပ်ရာပေါ်ကအဝတ်အစားအပုံကြီးကိုစောင်နဲ့ဖုံးလိုက်ပြီး ရှက်ရှက်နဲ့ရှင်းပြလာတယ်။

"မနက်ကမြန်မြန်ထွက်လာရတာနဲ့ ရှင်းဖို့အချိန်မရလိုက်လို့..။"

"အိုး...။" ရှောင်ချန်က မယုတ်မလွန်သာပြောပြီး အိပ်ရာပေါ်မကြည့်တော့ဘဲ အကြည့်လွှဲလိုက်တယ်။

ဆေးရုံသွားပြီးနောက် ကျန်းမုခြေထောက်ကသိသိသာသာလေးကို သက်သာလာတယ်။ခုံအသေးတစ်ခုကိုယူပြီး မျက်နှာတည်တည်နဲ့ ရှောင်ချန်ရဲ့ရှေ့တည့်တည့်မှာ ဝင်ထိုင်လိုက်တယ်။

"ဒဏ်ရာကို ပေါ့ပေါ့လေးမတွေးနဲ့။ဂရုမစိုက်ဘဲထားရင် ရောင်ပြီးကိုက်လာလိမ့်မယ်။ကျွန်တော် အနာကိုအရင် ပိုးသတ်ဖို့လိုတယ်...နည်းနည်းလေးတော့နာလိမ့်မယ်။သည်းခံလိုက်နော်..။" ပြောရင်းနဲ့ ဂွမ်းစကိုယူပြီး အရက်ပြန်ထဲနှစ်လိုက်တယ်။

"မင်းအဆင်ပြေသလိုသာလုပ်..ကိုယ်ကရတယ်။" ရှောင်ချန်က သူ့လက်မောင်းကိုဆန့်ထုတ်လိုက်ပြီး တည်ငြိမ်တဲ့မျက်နှာနဲ့ ပြန်ပြောတယ်။သူက ပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့ ကျန်းမုရဲ့အပြုအမူက ရှောင်ချန် နာကျင်မှုနည်းအောင် အလွန်ဂရုစိုက်နေပြီး ညင်သာတယ်။လုပ်နေတဲ့အချိန်မှာ ရှောင်ချန်ရဲ့အမူအရာကိုကြည့်လိုက်တော့ နာကျင်မှုကိုမကြောက်တဲ့ပုံစံအတိုင်း ပုံမှန်ပဲဆိုတာ တွေ့လိုက်ရတယ်။

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Donde viven las historias. Descúbrelo ahora