အပိုင်း(၃)

4.5K 752 15
                                    

Unicode

ညဘက် ၁၀နာရီဝန်းကျင်မှာ အဆင်အခြင်မရှိတဲ့ ညပွဲလမ်းကစရုံပဲရှိသေးတယ်။လှပတဲ့ရောင်စုံမီးတွေက မြို့ရဲ့ထွန်းလင်းမှုကို အထောက်အကူပြုပေးနေတယ်။

ကျန်းမု ဘားထဲကိုလျှောက်ဝင်လာတယ်။ပွယောင်းယောင်း အဖြူရောင်တီရှပ်နဲ့ ဂျင်းဘောင်ဘီအပြဲအရှည်ကိုဝတ်ဆင်ထားတယ်။

သူ့ရဲ့ အသားအရည်ကဖြူပြီးကြည်လင်တယ်။နှုတ်ခမ်းသားတွေကအနီရင့်ရောင်။မျက်ခုံးမွှေးတွေကလည်း ပုံစံတကျရှိတယ်။ရုပ်ရည်ကချောမောပြီးသားပါ။ထိုဝတ်စုံနဲ့ကျတော့ ပိုပြီးတော့မိမိုက်နေတော့ သူ့ဘေးကလူတွေကခဏခဏလှည့်ကြည့်နေကြတယ်။လူတွေရဲ့မျက်လုံးတွေက သဘောကျခြင်းတွေနဲ့ပြည့်နေတယ်။ကောင်လေးတစ်ယောက်က ကျန်းမုဆီကို တစ်ညတာပျော်ဖို့ လာမေးတယ်။

ကျန်းမုက သူ့လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ထားပြီး တစ်ချက်ကြည့်လိုက်ပြီးမှ စိတ်မဝင်စားသလိုခေါင်းကိုပြန့်လှည့်လိုက်ကာ ဝိုင်တစ်ခွက်သောက်ဖို့ ဘားကောင်တာကိုတန်းသွားတယ်။

ဝိုင်းက ပြင်းတဲ့အမျိုးအစားဖြစ်တယ်။ဝိုင်ထည့်ထားတဲ့ ဖန်ခွက်ရဲ့မျက်နှာပြင်ကချောမွတ်ပြီး ပြောင်ရှင်းနေတယ်။လက်ကိုင်ကလည်း ရှည်ပြီးသွယ်တယ်။ကျန်းမုက ခေါင်းမော့ပြီး ဝိုင်ကိုသောက်လိုက်တယ်။ပြီးတော့ ခွက်ကို ရှေ့ဘက်ကိုတွန်းကာ တစ်ခွက်အပြည့်ထပ်ထည့်ခိုင်းတယ်။

ရှောင်ကျားယိုနဲ့တွဲပြီးတဲ့နောက်ပိုင်း ကျန်းမုကသူ့မှာစောင့်ရှောက်ရမဲ့သူရှိတဲ့ဆိုပြီး ဘားကိုခြေမချခဲ့ဘူး။
ဒီညဝင်လာလိုက်တော့ သူနေသားမကျတော့ဘူး။မီးရောင်စုံနဲ့ကျယ်လောင်တဲ့သီချင်းသံကြောင့် ခေါင်းတောင်မူးလာပြီ။ဒါပေမဲ့ သူကမူးအောင်သောက်ချင်လို့လာခဲ့တာလေ။အခုချက်ချင်း မပြန်ချင်သေးဘူး။ဆိုတော့ ဝိုင်းပြင်းပြင်း၃ခွက်လောင်ထပ်သောက်လိုက်တယ်။

ဒီအချိန်အတွင်းမှာ လူတော်တော်များများက ကျန်းမုကိုစကားလာပြောကြတယ်။ယောကျာ်းတွေရော မိန်းမတွေရော။သူတို့မျက်လုံးထဲက ဆန္ဒတွေကိုတောင် ဖုံးဖိမထားနိုင်ကြဘူး။

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Donde viven las historias. Descúbrelo ahora