အပိုင်း(၈)

3.3K 584 28
                                    

Unicode

အပြာရောင်ကျောက်စရစ်နဲ့ခင်းထားတဲ့လမ်းမထက်မှာ လူတွေပြည့်သိပ်လို့နေပြီး လမ်းမထောင့်ကဆိုင်တစ်ဆိုင်က မီးရောင်စုံနဲ့ထွန်းလင်းနေပုံမှာ တောက်ပကာ လှပလွန်းတယ်။

ဆိုင်ရှေ့မှာ ယောကျာ်း၊မိန်းမတစ်ချို့က လက်လွတ်စပယ်ပွေ့ဖက်နမ်းရှိုက်နေပြီး မရေရာတဲ့ပွဲတော်ကြီးတစ်ခု ဆင်နွှဲနေဟန်ပေါက်တယ်။

ကျန်းမုပြောတဲ့ နေရာကောင်းက ဘားတဲ့လေ။

ဘားရှေ့မှာ ရပ်နေတဲ့ရှောင်ချန်ရဲ့စပ်စုချင်စိတ်က စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားတယ်။

"ဘားလား?" ရှောင်ချန်က မေးလိုက်တယ်။

ကျန်းမုက ခေါင်းညိမ့်ရင်း ရှောင်ချန်ကိုပြုံးပြလိုက်တယ်။

"အဲ့လိုကြီးမကြည့်ပါနဲ့..ကျားဂူထဲကိုဝင်ခိုင်းနေတာလဲမဟုတ်ဘူး။ပျော်စေချင်လို့ခေါ်လာတာကို.." ကျန်းမုကပြောရင်း ရှောင်ချန်ကိုဆွဲလိုက်တယ်။

"ပြောရမယ်ဆို ကျွန်တော်တို့က ဘားတစ်ခုမှာဆုံခဲ့ကြတာပဲမလား..အဲ့နေ့က ကျွန်တော် အရက်တစ်ခွက်လောက်သာမသောက်ဖြစ်ခဲ့ရင် ခင်ဗျားကိုစကားလာပြောဖို့ သတ္တိရှိခဲ့မှာတောင်မဟုတ်ဘူး"

နှစ်ယောက်သား ဘားထဲကိုဝင်လာတဲ့အခါ မီးရောင်စုံနဲ့နားကန်းလောက်မဲ့သီချင်းသံတွေက ချက်ချင်းကြိုဆိုလို့နေတယ်။

ဘားထဲမှာလူတွေအများကြီးပဲ..အထူးသဖြင့် နိုင်ငံခြားသားတွေ..ဒါပေမဲ့လည်း ကျန်တဲ့ဘားတွေလိုပါပဲ ဘာမှသိပ်မကွဲပြားဘူး။

သူတို့နှစ်ယောက်လုံးက ရုပ်ရည်ချောမောကြတော့ အထဲကိုဝင်လိုက်တာနဲ့ လူ​အများစုရဲ့အာရုံကို ဖမ်းစားသွားတယ်။ဒါပေမဲ့ အဝေးကသာရပ်ကြည့်နေကြပြီး တစ်ယောက်မှတော့ စကားလာမပြောရဲကြဘူး။

ရှောင်ချန်က ကျန်းမုနောက်ကနေ ကပ်လျှောက်ရင်း တစ်ခုခုတွေးမိပြီး မေးလိုက်တယ်။

"မင်း ဘားကို ခဏခဏလာတတ်လား?"

အထဲမှာအသံတွေဆူညံနေတော့ ကျန်းမုက ရှောင်ချန်ရဲ့မေးခွန်းကိုတစွန်းတစပဲကြားလိုက်ပေမဲ့ ခေါင်းသာညိမ့်ပြလိုက်တယ်။

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Where stories live. Discover now