အပိုင်း (၁)

9.7K 834 21
                                    

Unicode

"ကျွန်တော့်ကိုရှာဖို့ လုခန်ကိုလာခဲ့။ ကျွန်တော့်မှာ အကိုမမျှော်လင့်ထားတာရှိတယ်။"

ကျန်းမု ဒီလျှို့ဝှက်စာစောင်ကိုရရှိတုန်းက သူကအလုပ်ထုတ်စာရရှိထားပြီး သူ့ပစ္စည်းတွေနဲ့ ကုမ္ပဏီကထွက်သွားတော့မှာ။
သူက အနုပညာနဲ့ ကျောင်းပြီးထားတာ။ပြီးတော့ ဘွဲ့ရပြီးပြီးချင်း ဂုဏ်သတင်းကြီးတဲ့ ရုပ်ပုံရေးဆွဲတဲ့ကုမ္ပဏီမှာ သူ့ရဲ့အရည်အချင်းပြည့်ဝတဲ့သူငယ်ချင်းနဲ့အတူ အလုပ်ဝင်ခဲ့တယ်။မျက်တောင်တခတ် အချိန်အတွင်းမှာပဲ အလုပ်လုပ်နေတာ ၄နှစ်ကျော်ခဲ့ပြီ။သူစလုပ်လုပ်ချင်းတုန်းက စိတ်အားအလွန်ထက်သန်နေခဲ့တာ။အခုချိန် ဒီလိုရှက်ရွံ့နေရမယ်လို့ မထင်ထားခဲ့ဘူး။

ဒီမနက်အစောတုန်းက တစ်ယောက်ယောက်က ရှန်းယွီရဲ့အင်တာနက်ကိုဟက်လုပ်ပြီး သူနဲ့ရှောင်ကျားယိုရဲ့ဝတ်လစ်စလစ်ပုံအချို့ကို ကုမ္ပဏီတစ်ခုလုံးကိုဖြန့်ခဲ့တယ်။
ပုံထဲမှာ ရှောင်ကျားယိုရဲ့မျက်နှာတစ်ခုလုံးကမပေါ်ဘူး။ဒါပေမဲ့ အဲ့ဒါက သူက ယောကျာ်းလေးဖြစ်ပြီး ကျန်းမုနဲ့မရေရာမပြတ်သားတဲ့ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတဲ့အမှန်တရားကို ပြောဖို့မခက်ခဲစေပါဘူး။
သူပုံတွေတွေ့ချင်းတုန်းက ကျန်းမုကစက္ကန့်အနည်းငယ်လောက်ကြက်သေသေသွားတယ်။ဒါပေမဲ့ ရှောင်ကျားယိုရဲ့မျက်နှာကမပေါ်ဘူးဆိုတာသေချာတဲ့အခါမှာ သူအနည်းငယ်စိတ်သက်သာရာရသွားတယ်။
ရှောင်ကျားယိုရဲ့ဖြစ်တည်မှုကထူးခြားတယ်။ပြီးတော့ သူဘယ်သူလဲဆိုတာ ဒီလိုအရေးမပါလှတဲ့နည်းလမ်းမျိုးနဲ့ သေချာပေါက်ကိုဖော်ထုတ်ခံလို့မရဘူး။

ကျန်းမုကစဉ်းစားပေမဲ့ သူဘယ်သူ့ကိုအပြစ်ပြုမိထားလည်းဆိုတာမသိဘူးဖြစ်နေတယ်။ပြီးတော့ သူ့ကိုဒီလိုပြင်းထန်တဲ့နည်းလမ်းမျိုးနဲ့အပြစ်ပေးရလောက်တဲ့အထိ သူအဲ့လူနဲ့ဘယ်လိုအမုန်းတရားတွေရှိနေတာလဲဆိုတာ လုံးဝအဖြေရှာမရဘူး။

အဖြေရှာမရဘူးဆိုတော့လည်း မရှာဘူးပေါ့။အရင်နှစ်တွေကိုလည်း ဆိုးဆိုးရွားရွားဖြတ်သန်းခဲ့ရတာပဲလေ။မကောင်းတဲ့ကံကလည်း တစ်ခုပြီးတစ်ခုပဲ။ရပ်ကိုမရပ်နိုင်တော့ဘူး။မကောင်းတဲ့ကံကိုဖယ်ရှားဖို့အတွက် အမွှေးနံ့သားပါပူဇော်ရမလားပဲ။

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Donde viven las historias. Descúbrelo ahora