Unicode
သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုအတည်ပြုပြီးတဲ့နောက်မှာ ကျန်းမုကပျော်လွန်းလွန်းလို့ အိပ်မရခဲ့ဘူး။နောက်ဆုံးတော့ သူ့ရဲ့အိပ်မက်က တကယ်ဖြစ်လာပြီ။
ကျန်းမုက ညဉ့်နက်မှအိပ်ပျော်သွားတဲ့အတွက် နောက်နေ့မနက် နောက်ကျမှနိုးလာခဲ့တယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်ချန်က သူ့ဘေးမှာမရှိတော့ဘူး။
ကျန်းမုက အိပ်ရာကထကာ အဝတ်အစားလဲပြီး အပြင်ဘက်ထွက်လာတဲ့အခါ ရှောင်ချန်နဲ့ရှုယင်းတို့အုပ်စု မလှမ်းမကမ်းမှာရပ်နေတာကို တွေ့လိုက်ရတယ်။တခြားရွက်ဖျက်တဲတွေကိုလည်း ဖြုတ်လိုက်ကြပြီ။သူအိပ်နေတဲ့ ရွက်ဖျင်တဲတစ်ခုပဲကျန်တော့တာ။
ရှုယင်းက ကျန်းမုထွက်လာတာကိုတွေ့သွားတဲ့အခါ ပြုံးပြီးလှမ်းပြောတယ်။
"အကိုရှောင်က အကိုကျန်းမု မနေ့ညကပန်းပင်သွားလို့အနားယူဖို့လိုအပ်တဲ့အတွက် ကျွန်တော့်တို့ကို မနှောင့်ယှက်ဖို့ပြောထားတာ"
ရှုယင်းက ကျန်းမုကိုအဓိပ္ပာယ်ပါတဲ့အကြည့်နဲ့ကြည့်လာပြီး သူပြောတဲ့စကားကလည်း ဆိုလိုရင်းတစ်ခုခုပါတယ်။သေချာပေါက် မနေ့ညကရှောင်ချန်နဲ့သူ့ရဲ့အခြေအနေကိုအထင်လွဲနေတာပဲ။
ကျန်းမုက တံတွေးသီးသွားတယ်။ဒါပေမဲ့ ရှုယင်းကလည်း တည့်တည့်မပြောတဲ့အတွက် သူလည်းဒီနေရာကြီးမှာ မရှင်းပြချင်ဘူး။
ရှောင်ချန်နဲ့သူက မနေ့ညကပင်ပန်းခဲ့တာတော့မှန်တာပဲ...ကျန်းမုက မနေ့ညကသူ့ရဲ့အောင်မြင်မှုကြောင့် တခြားအရာကိုတောင်မတွေးနိုင်တော့ဘူး။
အဲ့ဒီ့အချိန်မှာ ရှောင်ချန်က သူ့ဆီလျှောက်လာပြီး နွားနို့ဗူးတစ်ဗူးပေးရင်း နူးညံ့စွာမေးလာတယ်။
"အိပ်ရေးဝရဲ့လား?"
ရှောင်ချန်ရဲ့နွေဦးလေပြေလို့အပြုံးကြောင့် ကျန်းမုက အရည်ပျော်သွားတယ်။ဒီနေ့ရှောင်ချန်က အရမ်းနူးညံ့နေပါလား..။
မနေ့ညကဖြစ်ခဲ့တာကို ကျန်းမုက ခုထိမယုံနိုင်ဘူး။ရှောင်ချန်ကို သူကဖွင့်ပြောခဲ့ပြီး ရှောင်ချန်ကလည်းသဘောတူခဲ့တော့ အခု ရှောင်ချန်က သူ့ရဲ့ကောင်လေးအစစ်ကြီးပေါ့!
BINABASA MO ANG
ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]
RomanceOriginal title-跟渣攻他爸离婚后揣崽了 Author-Yiye bodhi English title- After divorce from his father, he took care of the baby/After divorce from the Scumbag's father,he had a puppy. This story doesn't belong to me.I give credit to both the original author and...