<2019ခုနစ် ရန်ကုန်မြို့တွင်>
ကားဂိတ်တွင်အလျှင်လိုနေသောလူနှစ်ဦး.....
"ဟျောင့် မိုးည မြန်မြန်လာဟ"
"လာပီကိုကြီး Mountain around"
"ဟ ဘာလဲဟ"
"Mountain ဆိုတာ တောင် လေaroundဆိုတာ ကာရံ လေ အဲ့တော့ တောင်ကာရံပေါ့"
"ဒါမျိုးကြတတ်တယ် လာမြန်မြန် လက်မှတ်ရခဲ့လား တော်ကြာ ကားကလူတွေကြပ်နေမယ်"
"ဟုတ် ဟုတ်ကိုကြီး"
"အယ် ဟျောင့် မိုးည အချဉ်ထုပ်ဝယ်ခဲ့အုံးကားမူးမှာဆိုးလို့"
"ကိုကြီးသွားဝယ် ကျနော်ခုံဦးထားနှင့်မယ်"
"ဟာ အေးကွာ"
မုန့်ဆိုင်ဘက်ကိုထွက်လာတဲ့ကောင်လေး......
<<တစ်ဖက်တွင်လဲ>>
"လုပ်ပါ စဝ် ရာ ငါခုံဦးပေးထားမယ် အချဉ်ထုပ်လေးပဲသွားဝယ်ပေးလေ နော်နော်"
"ကျစ် အိပ်မက်မြူ မင်းအလုပ်ကိုရှုပ်တယ်ကွာ သွားဝယ်လိုက်မယ် ခုံဦးထားနှင့်"
"ရေး ဒါမှ စဝ် ကွ"
မူန့်ဆိုင်ဘက်ကိုထွက်လာသောကောင်လေး
==============
"အန်တီ ကျနော့်ကို သရက်ပေါင်းတဟ်ထုပ်""အန်တီကျနော့်ကိုလဲ သရက်ပေါင်းတစ်ထုတ်"
ကာရံဘေးကလူကိုကြည့်လိုက်တော့ အရပ်ကြီးကသူ့ထက်ရှည်နေသည်....
*ဟ အရပ်ကလဲ သကြားမင်းဖင်တတ်ထိုးတော့မယ် ကျန်း ငါပဲသေးသေးကွေးကွေးချစ်စရာလေး*
"တစ်ထုတ်ကိုတစ်ထောင်ပါသားလေး"
"ဟုတ် အယ်"
အိပ်ကပ်ထဲကိုကြည့်တော့ပိုက်ဆံအိတ်ကမရှိသဖြင့်တောင်ကာရံဒုက္ခရောက်နေလေပီ...ဟိုစမ်းဒီစမ်းနဲ့လုပ်နေတဲ့အကောင်ပေါက်ကိုကြည့်ပီး စဝ် တယောက်ရီချင်စိတ်ကိုထိန်းထားရသည်