ဆေးခန်းကနေ အိမ်ရောက်အောင်လမ်းလျှောက်ပြန်လာရတော့စဝ်တယောက်ပစ်လဲချင်နေလေပီ.........
"အမလေးမြန်မာနိုင်ငံမှာလူဖြစ်ရတာသိပ်ကိုကံကောင်းတာပဲ ပူလိုက်တာ အမလေး"
"ကာရံလေးကိုယ့်အသက်လေး အသည်းလေး အချစ်လေး ပူတူးလေး ကလေးပေါက်စလေး နှလုံးသားလေး သဲငယ်လေး သက်ဆိုင်သူလေး အိမ်ကလူလေး အနာဂတ်အမျိုးသားလေး ချစ်ဆုံးလေး ဝက်ပေါက်လေး ပိစိလေး"
"ကဲခေါ်လို့ပီးပီလား ဒေါက်တာရေ"
"ပီးပါပီဗျ"
"ရော့ရေသောက် မောလာတယ်ဟုတ်"
"သိတတ်လိုက်တာခလေးရာ အနာဂတ်အိမ်သားလေးဖြစ်ဖို့ဒီကလူကြီးကအမိန့်ပေးတယ်ဗျာ"
"ပိုပိုကဲကဲ"
"လာအိမ်ထဲဝင်ကြမယ်"
"မိုးညရော"
"မိုးညက မြူကိုစောင့်နေတယ်လေ"
"ထင်သားပဲအဲ့ကောင်ဒေါက်တာမြူကိုကြိတ်ကြွေနေတာ ဟားဟား"
"ကိုကိုလို့တခါပဲခေါ် တကယ်အမောပြေသွားမှာ"
"မခေါ်ချင်ပါ"
"ခေါ်ပါလို့ နော် နော် နော်"
ပုခုံးပေါ်မေးတင်ပီး ခွေးပေါက်လေးလိုချစ်စရာမျက်လုံးလေးတွေနဲ့တောင်းဆိုနေတော့ ဒီကလူကဘယ်လိုငြင်းရက်ပါ့မလဲနော့
"ကို ကိုကို"
"အားချစ်လိုက်တာ အသည်းအသက်ရာ"
"ခဗျားကြီးခေါ်တာတွေလဲစုံနေပီနော်"
"ကိုယ်မခေါ်တာကြာတဲ့တစ်ခုရှိသေးတယ်"
"ဘာလဲ"
"ခွေးပုရေ"
"ဘာလဲသကြားမင်းဖင်ထိုး"
"ဟားဟား"
"သွားရေသွားချိုးတော့"
"ဟုတ်ကဲ့ပါဗျ"
====================
"အော်မိုးညတို့ပြန်ရောက်ပီလား"