<<<ကာရံနဲ့မိုးည နန့်ပလန်ရွာလေးသို့အရောက်တွင်>>>
"အမေ"
"အမေ""ဟယ် အိုက်မိုး နဲ့ အိုက်ရံ ပြန်ရောက်ကြပီလား"
"ဟုတ်အမေ့ သားဗိုက်ဆာတယ် ကိုကြီးကလမ်းမှာမုန်တွေအကုန်စားပစ်တာ"
ရောက်တာနဲ့အမေကိုတိုင်နေသောမိုးညပါလေ....
"ဘာကွ တစ်လမ်းလုံး ငါမတ်တပ်ကြီးစီးလာရတာလေ"
"ဘာတစ်လမ်းလုံးလဲ ဟိုလူ့ရင်ခွင်ထဲကနေအိပ်လိုက်လာပီးတော့"
"ဟေ ဘယ်လူ့ရင်ခွင်လဲဟ"
"ကားပေါ်မှာရန်ဖြစ်လာတဲ့လူပါအမေရယ်"
"မင်းတို့ကတော့လေ လာလာ အိမ်ထဲဝင်ကြ"
================
"သားငယ် စာမေးပွဲဖြေနိုင်လား""အမေ့သားစာဖြေနိုင်မဖြေနိုင်တော့မသိဘူး ကျနော်ကျောင်းသွားကြိုတိုင်းနောက်ကနေပန်းစီးလိုက်ပေးတာနဲ့ ချောကလပ်လိုက်ကျွေးရတာနဲ့ အိုး ကောင်လေးတွေများဝုန်းလို့"
"အိုး ဟိုး အမေ့သားကလူချောလေးပဲကို"
"ဒါမှဒို့အမေကွ"
"လာဖက်မနေနဲ့ အိမ်ကိုဧည့်သည်ရောက်မှာ သွားကြိုလိုက်ကြအုံး"
"ဟမ် ဘယ်သူလာမှာမလို့လဲအမေရဲ့"
"ရွာကိုအသစ်ကျတဲ့ဆရာဝန်လေးလေ အမေတို့အိမ်မှာပဲတည်းမှာသားကြီး သွားကြိုလိုက်အုံး"
"ဟူး သူကြီးကတော့လုပ်ပီသူ့အိမ်တော့ခေါ်မထားဘူး ကျနော်ရေချိုးပီးသွားကြိုလိုက်မယ် မိုးည ဆိုင်ကယ်ဆီရှိတယ်မလားအမေ"
"ရှိပါ့မနေ့ကမှဖြည့်ပေးထားတာ"
"ဟုတ် ရေသွားချိုးလိုက်အုံးမယ်အမေ"
"အေးအေး သားကြီး"
"အမေသားလဲဖိုးရှုပ်တို့အဖွဲ့နဲ့သွားဆော့လိုက်အုံးမယ်"
"အေးအေး အမေ ပဲပုတ်ထမင်းသုပ်လုပ်ထားလိုက်မယ်နော်သားတို့ မနက်ကျမအေးတို့အလှူရှိလို့အဲ့မှာပဲညအိပ်မှာ ဧည့်သည်ကိုသေချာဂရုစိုက်"