တောက်ပနေတဲ့နေရောင်နဲ့သစ်ပင်ပေါ်ကငှက်ကလေးတို့ရဲ့တေးသီသံ...ဒီလိုမနက်ခင်းလေးဟာလူတိုင်းအဖို့သေချာပေါက်အေးချမ်းပေမယ့်လဲ တစ်ယောက်သောသူကတော့မအေးချမ်းနိုင်ပါ.............
'တီ တီ တီ'
"ကိုကြီးရေ မေမေနဲ့ကျနော်ပြန်ရောက်ပီဗျို့"
"အင်း စားပီးလာကြပီလား"
"ပီးခဲ့ပီသား ငါ့သားလဲအမေပြန်ရောက်ပီဆိုတော့အလုပ်ပြန်လုပ်တော့မှာလား"
"ဟုတ်အမေ့ သားမနက်ဖန်လောက်ပဲသွားမလို့အာ့ကိုမိရွှေစင်တို့ကဒီနေ့ခေါ်နေတာ"
"ဟယ် အာ့ဆိုလဲ ညနေကြသွားလေသားရဲ့"
"မေမေနဲ့မိုးညကအဆင်ပြေရဲ့လား"
"ပြေပါ့ငါ့သားသာသွားပီးအလုပ်လုပ်"
ဒီလိုနဲ့ညနေရောက်တော့ပင်းတယကားဂိတ်မှာ ကားစောင့်ပီးရန်ကုန်သို့ခရီးနှင်ခဲ့သည်........
တစ်ဖက်တွင်လဲ.....
"သားလုပ်မယ်ဦးလေး ဦးလေးကုမ္ပဏီမှာCEOလုပ်မယ်လို့ ဒီဒေါက်တာအလုပ်ကိုဆက်မလုပ်တော့ဘူး"
"မင်းငါအစောထဲကပြောသားပဲဟ မင်းဘာမင်း လူတွေကိုကယ်ချင်တာဘာညာနဲ့လေ"
"အင်းအခုလုပ်မယ်လို့"
"အေးပါမင်းဦးလေးလူပျိုကြီးမလဲ မင်းပဲရှိတာကို သဘောပေါ့ကွာ"
"ဒါဆိုကျနော်နည်းနည်းပြန်လေ့လာအုံးမယ် နောက်တစ်ပတ်လောက်ဆိုဝင်မယ်လေ"
"အင်း မင်းသဘော ငါကတော့အသက်ကြီးပီဟေ့"
=====================
ရန်ကုန်စရောက်ရောက်ချင်းအရင်နေတဲ့တိုက်ခန်းမှာပဲပြန်နေပီး ကုမ္ပဏီကိုတန်းသွားလိုက်တယ် အလုပ်လုပ်နေမှထိုလူသားအကြောင်းမတွေးမိမှာလေ...တိုက်ခန်းနဲ့ကုမ္ပဏီကသိပ်ကြီးတော့မဝေးဘဲ ညနေဘက်ဆိုထိုလမ်းကလူပြတ်တာလေးတစ်ခုပဲပြောစရာရှိသည်.....အရင်ကတော့မိုးညနဲ့အတူနေပီး ခုတော့တစ်ယောက်ထဲပေါ့......