မနက်စာစားဖို့ပြင်နေတုန်း ဘုရားခန်းထဲကထွက်လာတဲ့မေမေ......
"ငါ့သားဒီနေ့တက်လို့ကြွလို့ပါလား"
"စိုက်ခင်းရာရေလောင်းပီးပီလားသား"
"ပီးပီမေမေ့ အာ့ကြောင့်ခုစားဖို့ပြင်နေတာ"
"အော်အေးအေး မေမေအရင်စားနှင့်မယ်နော်သားတို့ ပီးတော့လူစုံရင်ပြောစရာရှိတယ်"
"အော်ဟုတ်အာ့ဆိုသားသူတို့ကိုသွားနှိုးလိုက်အုံးမယ်"
"အေးအေးသား"
======================
ပထမဆုံး အသစ်စက်စက်ရည်းစားလေးကိုနှိုးဖို့အခန်းထဲဝင်လာလိုက်သည်........တွေ့ပါပီကုတင်ပေါ်မှာခုထိအိပ်လို့ကောင်းတုန်း...........
အမြဲတမ်းလှန်တင်ထားတဲ့ဆံပင်တွေကနဖူးပေါ်ကိုကျနေတာကတစ်မျိုး ခန့်တယ်......အိပ်နေတာတောင်ကျုံ့ထားတဲ့မျက်ခုံးတစ်စုံ....နှာတံစင်းစင်း.....ဘယ်လိုပဲကြည့်ကြည့်ပြောစရာမလိုအောင်လှတယ်.......ပီးတော့ဆရာဝန်သာပြောတယ်Gymဆော့ပုံရတယ်......တောင့်တင်းနေတဲ့ခန္ဓာကိုယ်......အိင်္ကျီကိုလှန်လိုက်တော့..........အိုးမို့ ပေါင်မုန့်တွေ ခြောက်လုံးတောင်.......တော်ပီတော်ပီ ငါ့ဒေါက်တာလေးအကြောင်းဆက်မပြောတော့ဘူး နင်တို့တသိုက်ကနှာဘူးမတွေ......
"ကိုယ့်အိင်္ကျီကိုဆက်လှန်ထားအုံးမှာလား"
"ဟမ် အာ ဒေါက်တာဘယ်တုန်းကနိုးနေတာလဲ"
"ကိုယ့်အိင်္ကျီကိုလာလှန်ထဲက"
"အော် ဒေါက်တာ မနက်စာစားလို့ရပီ"
"ဟွန့် ကိုယ့်ကောင်လေးကိုခေါ်တာက ဒေါက်တာတဲ့လား တော်ပီ မနက်စာမစားတော့ဘူး လာလဲမနှိုးနဲ့ သွား"
*ဘာလဲဟ သူအခုငါ့ကိုစိတ်ကောက်သွားတာလား*
"ကိုကို မနက်စာစားလို့ရပီ"
အိပ်ယာပေါ်ကနေဝုန်းကနဲပြန်ထလာတဲ့စဝ်
"ပြန်ခေါ်ကြည့်ပါအုံး ငယ် နောက်တခေါက်လောက်နော် နော် နော်"