အလှူအိမ်ကပြန်ရောက်ထဲက သူနဲ့စဝ်စကားမပြောဖြစ်သေး ဘာပဲပြောပြောဒီလူကတိတော့တည်သားပဲ အခန်းတံခါးရှေ့မှာ အစာကြေဆေးတစ်ချို့လာပေးသွားသေးသည်လေ.........
"ကလေးတွေထမင်းစားလို့ရပီလာကြတော့"
အမေ့အသံကြားတာနဲ့အောက်ထပ်ကိုဆင်းလာခဲ့သည်.........
<<ထမင်းစားပွဲတွင်>>
"သားတို့စားကြနော်"
"အမေကရောမစားဘူးလား"
"အမေကစားပီးပီ"
"အော် မိုးညလာထိုင်စားမယ်"
"သားစဝ်ထည့်စားနော် အန်တီဘုရားသွားရှိခိုးလိုက်အုံးမယ်"
"ဟုတ်အန်တီ့"
ထမင်းစားပွဲတွင်လူသုံးရောက်ထိုင်နေကာ လေထုကတိတ်ဆိတ်လျှက်...
"ကိုကြီးနဲ့ဒေါက်တာ တစ်ခုခုဖြစ်ထားတာလား"
"ဟမ်"
နှစ်ယောက်သားပြိုင်တူဖြေလိုက်ခြင်းကြောင့်မိုးညရဲ့သံသယမှာပိုကြီးလာသဖြင့် သူတို့နှစ်ယောက်ကိုစောင့်ကြည့်နေလိုက်သည်........."ဟို ကာရံ"
"အွန်း"
"ကိုယ် ကြွက်ကိစ္စတောင်းပန်ပါတယ် ကိုယ်တကယ်လန့်သွားလို့ပါ"
"ရပါတယ် ကျနော်နဲ့ ချီးပုံကိစ္စတောင်းပန်ပါတယ်"
'ဖွီး'
စားနေတဲ့ထမင်းတွေထွက်ကျသွားသော မိုးည....
"ကိုကြီး ရူးနေလား ထမင်းစားနေကြတာလေ"
"အာ sorry ဟီး"
မျက်လုံးလေးတွေမှိတ်ပီးရီပြနေတဲ့ကောင်လေး ထိုအနှီကောင်းလေးရီတိုင်း ရင်ဘတ်ထဲ ရထားခုနစ်စင်းဖြတ်မောင်းသလိုရင်တွေခုန်နေတဲ့စဝ်.........
*ငါ ငါကွေးနေပီထင်တယ်*
======================
"ဒေါက်တာ ဆေးခန်းသွားတော့မှာဆိုကျနော်လိုက်ပို့မယ်နော်"