ကတောက်ကဆ

9.8K 136 7
                                    

ဤအရာကို အချစ်ဟုခေါ်သည်

Part1

ဆေးရုံမှာ OTချိန်ရှိတာကြောင့်
မာန် မနက်စာကို ခက်သွက်သွက်လေး
စားနေခဲ့သည်။

" Morning မာန် "

ထိုအသံကို မာန်သိပ်မုန်းသည်။
ညဝတ် အက်ျီ ဖရိုဖရဲဖြင့်
ပတ်ချွဲနှပ်ချွဲ လာလုပ်နေသော
ထိုမိန်းမကြောင့် မာန်စားပွဲမှ
ထလိုက်သည်။

" မာန် စားလို့ကောဝရဲ့လား
မာန်ကလေ တို့ကိုဆို သိပ်စိမ်းတာပဲ
တို့က မင်းရဲ့အမေပါ "

ထိုမိန်းမစကားတွေကို မာန်သည်းမခံ
နိုင်တော့။

" ခင်ဗျားလို မိန်းမကဘယ်တော့မှ
ကျုပ်အမေဖြစ်လာမှာမဟုတ်ဘူး
စိမ်းမြခြယ် "

မာန် ထိုမျှသာပြောပြီး ထွက်လာ
ခဲ့လိုက်လေသည်။ သူ့ဒေါသတွေ
ပေါက်ကွဲသွားမှဖြင့်။

" မာန် မာန် မင်းကသိပ်ကိုအကြောမာတာပဲ
ဟွန့် စိမ်းမြခြယ် တဲ့ မပိုင်ရင် ဘာမှမလုပ်ဖူး"

စိမ်းမြခြယ် တစ်ယောက်ကြိမ်းဝါးကာ
ထိုစားပွဲမှ ထလာခဲ့လိုက်လေသည်။

" ဒေါ်သန်း ဒါတွေ သိမ်းလိုက်တော့ "

စိမ်းမြခြယ် စကားကို ဒေါ်သန်းအတွန့်
မတက်ရဲ။ အတွန့်တက်ဖို့နေနေသာသာ
စိမ်းမြခြယ် မျက်နှာကို စေ့စေ့ပင်
မကြည်ရဲပါပေ။ မာန်ဆိုသည်က
သူ့အလုပ်နှင့် သူမို့ အိမ်ဘက်ကို
လှည့်မကြည့်အားတာကြောင့်
စိမ်းမြခြယ် ကထင်တိုင်းကြဲနေလေတော့သည်။

~~~××~~~

" ဒေါက်တာနေမင်းမာန် ဧည့်သည်
ရောက်နေပါတယ်ရှင့် "

သူနာပြုမလေး စကားကြောင့်
မာန်တစ်ယောက် မျက်ခုံးတွန့်ကာ
နားနေခန်းသို့ လာခဲ့လိုက်လေသည်။

" ခင်ဗျားကို မလာပါနဲ့လို့
ဘယ်နှစ်ခါပြောရမလဲ စိမ်းမြခြယ် "

အနောက်တိုင်းဆန်ဆန် ဝတ်ဆင်ထား
တာကြောင့် သူမရင်ညွန့်တွေက အတိုင်းသား
မြင်နေရလေသည်။ ဆံပင်ခပ်တိုတိုညှပ်ထားပြီး
ဆေးဆိုးပန်းရိုက်မျက်နှာက သူ့အတွက်
အော်ဂလီဆန်စေသည်။

This call loveWhere stories live. Discover now