Happy Family 👨‍👩‍👧

3.1K 79 1
                                    

ဤအရာကိုအချစ်ဟုခေါ်သည်

Part 17 (Ending)

" ဒီလက်စွပ်လေး ကကိုယ်
မင်းအတွက်ရည်ရွယ်ပြီး ဝယ်ထားတာ
ဘယ်လိုပေးရမလဲ စဥ်းစားမရတာနဲ့
ပါမုန့်ကြားမှာ ညှပ်ထားလိုက်တာ
ကိုယ့်ကို လက်ထက်မယ်မလားဟင် "

ဦးမာန်က ဂျီကျနေသော ကလေးလေး
သဖွယ် ။ ငွေ့ရည် ရင်ထဲတိုးဝှေ့နေပြီး
ယုန်ပေါက်လေးလို ပွတ်သပ်နေပြန်သည်။

" ဦးမာန်က ပေါက်တကရ
အရမ်းလုပ်တာပဲ မတော်လို့
ဗိုက်ထဲကျသွားရင် ဘယ်လို
လုပ်မလဲ "

" မင်းက အစားကို ကျေညက်အောင်
ဝါးပြီးစားတတ်တယ်ဆိုတာ ကိုယ်မသိပဲ
နေမလား "

" ငွေ့ရည် ဘာလုပ်လုပ် လိုက်ကြည့်နေတာလား "

" မင်းကို ကိုယ်တိတ်လေး သဘောကျနေ
ခဲ့ရတာ ခြံထဲက ပန်းပင်လေးတွေကို
ရေလောင်းတိုင်းခိုးကြည့်ခဲ့ရတဲ့ အချိန်လေး
တွေက ဘာနဲ့မှ မလဲနိုင်ဘူး မင်းရဲ့ ဆံနွယ်လေး
တွေကို ကိုယ်သိပ်မြတ်နိုးခဲ့တာ
ဒါပေမဲ့ မင်းအမကို မုန်းတဲ့အတ္တက
မင်းအတွက် အချစ်တွေကို ဖုံးကွယ်ခဲ့
သလို ဖြစ်ခဲ့ရတာ ကိုယ်အခု
သိလိုက်ပါပြီ အချစ်ကို ဘယ်အရာက
မှ တားဆီးလို့မရနိုင်ဘူး အချစ်က
အရာအားလုံးထက် အင်အားကြီးတယ်
ဆိုတာ ကိုယ်ယုံသွားပြီ "

" ဦးမာန် ဆရာဝန် မလုပ်ပဲ
ကဗျာ ဆရာ လုပ်ပါလား
အောင်မြင်နိုင်တယ် "

" ကိုယ်က ကဗျာ ဆရာမလုပ်ချင်ပါဘူး
မင်းယောကျ်ားပဲ ဖြစ်ချင်တာမို့
ကိုယ့်ကိုလက်ထပ်ပါလားဟင်
မင်းနဲ့ထပ်ဝေးရမယ်ဆို ကိုယ်သေနိုင်တယ်နော်"

" ဘယ်သူက ငြင်းနေလို့လဲ "

" ဒါဆို ကိုယ့်ကိုလက်ခံတယ်ပေါ့ "

" ကလေးတစ်ယောက်ပဲ ထွက်တော့မှာကို
လက်မခံလို့ရမလား ဦးနေမင်းမာန်ရဲ့ "

" အာ့ နာတယ် မိန်းမရဲ့ "

အကဲပိုနေသော ဦးမာန်နားရွက်ကို
ငွေ့ရည် ကိုက်ချပြစ်လိုက်တော့
အသံဗြဲကြီးနဲ့ ထအော်သည်က
ရယ်ဖို့ကောင်းနေပြန်သည်။

" ဒါလေး ဝတ်ထားနော် ဘယ်တော့မှ
မချွတ်နဲ့ "

ဦးမာန်က ငွေ့ရည်လက်သူကြွယ်လေးကို
သူ့ရဲ့လက်စွပ်လေး ဝတ်ပေးကာ
မှိုရသော မျက်နှာကြီးနှင့်
ပြုံးနေသည်က ချစ်ဖို့ သိပ်ကောင်း
နေပြန်ပါသည်။

This call loveDonde viven las historias. Descúbrelo ahora