ဤအရာကို အချစ်ဟုခေါ်သည်
Part1
ဆေးရုံမှာ OTချိန်ရှိတာကြောင့်
မာန် မနက်စာကို ခက်သွက်သွက်လေး
စားနေခဲ့သည်။" Morning မာန် "
ထိုအသံကို မာန်သိပ်မုန်းသည်။
ညဝတ် အက်ျီ ဖရိုဖရဲဖြင့်
ပတ်ချွဲနှပ်ချွဲ လာလုပ်နေသော
ထိုမိန်းမကြောင့် မာန်စားပွဲမှ
ထလိုက်သည်။" မာန် စားလို့ကောဝရဲ့လား
မာန်ကလေ တို့ကိုဆို သိပ်စိမ်းတာပဲ
တို့က မင်းရဲ့အမေပါ "ထိုမိန်းမစကားတွေကို မာန်သည်းမခံ
နိုင်တော့။" ခင်ဗျားလို မိန်းမကဘယ်တော့မှ
ကျုပ်အမေဖြစ်လာမှာမဟုတ်ဘူး
စိမ်းမြခြယ် "မာန် ထိုမျှသာပြောပြီး ထွက်လာ
ခဲ့လိုက်လေသည်။ သူ့ဒေါသတွေ
ပေါက်ကွဲသွားမှဖြင့်။" မာန် မာန် မင်းကသိပ်ကိုအကြောမာတာပဲ
ဟွန့် စိမ်းမြခြယ် တဲ့ မပိုင်ရင် ဘာမှမလုပ်ဖူး"စိမ်းမြခြယ် တစ်ယောက်ကြိမ်းဝါးကာ
ထိုစားပွဲမှ ထလာခဲ့လိုက်လေသည်။" ဒေါ်သန်း ဒါတွေ သိမ်းလိုက်တော့ "
စိမ်းမြခြယ် စကားကို ဒေါ်သန်းအတွန့်
မတက်ရဲ။ အတွန့်တက်ဖို့နေနေသာသာ
စိမ်းမြခြယ် မျက်နှာကို စေ့စေ့ပင်
မကြည်ရဲပါပေ။ မာန်ဆိုသည်က
သူ့အလုပ်နှင့် သူမို့ အိမ်ဘက်ကို
လှည့်မကြည့်အားတာကြောင့်
စိမ်းမြခြယ် ကထင်တိုင်းကြဲနေလေတော့သည်။~~~××~~~
" ဒေါက်တာနေမင်းမာန် ဧည့်သည်
ရောက်နေပါတယ်ရှင့် "သူနာပြုမလေး စကားကြောင့်
မာန်တစ်ယောက် မျက်ခုံးတွန့်ကာ
နားနေခန်းသို့ လာခဲ့လိုက်လေသည်။" ခင်ဗျားကို မလာပါနဲ့လို့
ဘယ်နှစ်ခါပြောရမလဲ စိမ်းမြခြယ် "အနောက်တိုင်းဆန်ဆန် ဝတ်ဆင်ထား
တာကြောင့် သူမရင်ညွန့်တွေက အတိုင်းသား
မြင်နေရလေသည်။ ဆံပင်ခပ်တိုတိုညှပ်ထားပြီး
ဆေးဆိုးပန်းရိုက်မျက်နှာက သူ့အတွက်
အော်ဂလီဆန်စေသည်။
BẠN ĐANG ĐỌC
This call love
Lãng mạnအချစ်သည် အနက်ရှိုင်းဆုံး စွမ်းအားအကြီးဆုံး စိတ္တဇနာမ် ဖြစ်လေသည်။🥀