အချစ်ဆိုတာ🌺

2K 77 2
                                    

ဤအရာကိုအချစ်ဟုခေါ်သည်

Part 13

" ငွေ့ရည် မင်းမဖြေရင်
မင်းနဲ့ မင်းကလေးလေးပဲ
ဒုက္ခ ရောက်မှာနော် "

မျက်ရည်များ စီးကျကာ
ငူငူကြီး မှိုင်နေသော
ငွေ့ရည်ကို ရှိုင်း စိတ်မရှည်
နိုင်တော့။

" ငွေ့ရည် ငါမေးနေတာ
ဖြေလေ "

" ဟင့်အင်း ငွေ့ရည် ဘာမှ
မသိဘူး ကျေးဇူးပြုပြီး
ငွေ့ရည်ကို ဘာမှ မမေးကြပါနဲ့"

" ငွေ့ရည် နင် နင် ငါလုပ်ရင်
သေတော့မယ် နော် "

" မောင် တော်တော့ စိတ်လျော့ပါ
ညီမလေးကို ကျွန်မပဲ မေးပါ့မယ်
ဆေးရုံသွားရမှာ မဟုတ်လား
သွားတော့ "

မောင့်ရဲ့ စိတ်ဟာ တစ်ဇွတ်ဖိုးဆန်ပြီး
စိတ်ကြီးတာကြောင့် ဆောင်းဝင်တား
ရလေတော့သည်။ ငွေ့ရည်ကလဲ
ငူငူ ငိုင်ငိုင်နှင့် ဘာမေးမေးဘူးခံငြင်း
နေတာကြောင့် ရှိုင်းလို စိတ်တို
တတ်သူ မဆိုထားနှင့် ဆောင်းတောင်
စိတ်မရှည်တော့။

" ငါ ငါကွာ ငွေ့ရည် ငါက
နင့်ကို ငါ့ညီမ အရင်းလို
သဘောထားလို့မေးနေတာ
နင် ဘယ်အကောင်နဲ့ ရခဲ့
တာလည်း ပြောလေ နင့်ပါးစပ်
ကြီးကို အဲ့လိုပိတ်ပြီးငြိမ်မနေနဲ့
အမိုက်မရဲ့ "

" မောင် သွားတော့လို့
ပြောနေတယ် လေ သံစဥ်
မေးထားလိုက်မယ် သွားပါတော့ "

" တောက်စ် ဟာကွာ "

စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားသော
အကိုကြီးကို ငွေ့ရည် အားနာပေမဲ့
ငွေ့ရည်ကြောင့် ဦးမာန် ဘဝကို
မနစ်နာ စေချင်ပါ။

* ငွေ့ရည် ဘဝနဲ့ ငွေ့ရည်ပဲ
ရှိပါစေတော့ ဦးမာန်ရယ် *

" ငွေ့ရည် အားရှိအောင်
ဆန်ပြုတ်လေး သောက်လိုက်အုံး
ကိုယ်ဝန်ရခါစဆိုတော့ အရင်က
ထက် ပိုဂရုစိုက်ရမယ်နော် "

" မမကို ငွေ့ရည် ကျေးဇူး
အများကြီးတင်ပါတယ် "

လက်အုပ်လေးချီကာ အရိုအသေ
ပေးနေသော ငွေ့ရည်ကြောင့်
ဆောင်းသက်ပြင်း ရှည်ကြီးကို
ချလိုက်မိသည်။

" မမကို ကျေးဇူးတင်တယ်ဆို
ငွေ့ရည် ဘယ်သူနဲ့ မှားခဲ့တာလည်း
ပြောပြပါလား "

This call loveOnde histórias criam vida. Descubra agora