ပျော်ရွှင်ခြင်းအစ🥀

1.9K 66 0
                                    

ဤအရာကိုအချစ်ဟုခေါ်သည်

Part 10

" မမ မနက်စာအဆင်သင့်ဖြစ်ပါပြီ "

ဒီကောင်မလေး ဘယ်ချိန်ကတည်းက
ထပြီး ချက်ပြုတ်နေတယ် မသိ။
ဆောင်း နိုးလာတော့ စားစရာတွေ
က အဆင်သင့်ဖြစ်နေလေပြီ။

" အပင်ပန်းခံလို့ငွေ့ရည်ရယ်
အပြင်ကဝယ်စားလဲ ရနေတာကို "

" ငွေ့ရည် မနေတတ်လို့ပါ မမ
ပြီးတော့ ဒီအလုပ်တွေက ငွေ့ရည်
အတွက် အသေးအဖွဲပါပဲ ပင်ပန်း
တယ်လို့ မယူဆပါဘူး "

" ဟင်း"

ရိုးသားသည့် ငွေ့ရည်လေးကို
ကြည့်ကာ သူမသနားနေမိသည်။
ဒီကောင်မလေးက တစ်ကယ့်ကို
အဖြူထည်လေး။

" ငွေ့ရည် ဘယ်နှစ်တန်းထိ
နေဖူးလဲ "

" ရှင် "

" သြော် စာသင်ဖူးလားလို့ မေးတာပါ"

" ဟို နဲနဲပါးပါးတော့သိပါတယ်
ကကြီးခခွေးလောက်တော့သင်ဖူး
ပါတယ် မမ ဘာဖြစ်လို့လဲဟင်"

" မင်းကို စာသင်ပေးမလို့ "

" မမတကယ်​ပြောတာလား "

"အဟွန်း အဟွန်း ဒီညီမတွေ
ဘာတွေ သဘောကျနေကြတာလဲ
မိန်းမ ထူးထူးဆန်းဆန်း breakfast
တွေဘာတွေ ပြင်ထားလို့ပါလား "

" အမယ် ကျွန်မ ပြင်ထားတာ
မဟုတ်ပါဘူးနော် ငွေ့ရည်
လုပ်ထားတာပါ '

" ငွေ့ရည် ညီမလေးကို
အကိုကြီးတို့ ခေါ်ထားတယ်ဆိုတာ
ခိုင်းဖို့ မဟုတ်ဖူး သားသမီးခြင်းစာနာလို့
ကိုယ့်ညီမလေးလို သဘောထားလို့
နောက်ဒီလိုတွေ မလုပ်ပါနဲ့
အကိုကြီး မကြိုက်ဖူး "

" ငွေ့ရည် မပင်ပါဘူး
ဒါတွေက ငွေ့ရည် လုပ်နေကျတွေပါ
အကိုကြီးတို့အိမ်က ထမင်းကို
ငွေ့ရည် အလကား မစားပါရစေနဲ့ "

" ငွေ့ရည်ကို တင်ကျွေးထားရတာ
မမတို့အတွက် ကုသိုလ် တောင်ရသေးတယ်
မမတို့က မင်းပင်ပန်းမှာ စိုးလို့ပါ
နောက် မလုပ်ပါနဲ့ "

" ငွေ့ရည် မပင်ပန်းပါဘူး
ငွေ့ရည် လုပ်နိုင်ပါတယ်
မမတို့အတွက် ဝင်ထုပ်ဝင်ပိုး
မဖြစ်ချင်ရုံပါ "

This call loveDonde viven las historias. Descúbrelo ahora