ဦးပျော်ပါစေ🥀

2K 72 1
                                    

ဤအရာကိုအချစ်ဟုခေါ်သည်

Part 12

'မင်း '

သူမကိုမြင်တာနဲ့ ခက်ထန်သွားသော
ဦးမာန်ကြောင့် ငွေ့ရည်ကိုယ်လေး
တုန်သွားလေသည်။

" ကိုနေမင်းမာန်နဲ့ သိနေတာလား
ညီမလေး "

အကိုကြီးအမေးကြောင့် ငွေ့ရည်မှာ
နေစရာ နေရာပင် မရှိတော့ပါပေ။
သူမ အရှက်ရမည် ထက်
သူမသိပ်ချစ်ရတဲ့ ဦးမာန်
အနေခက်မည်ကို သူမပိုကြောက်
နေမိသည်။

" မသိပါဘူး အသိတစ်ယောက်နဲ့
ဆင်နေလို့ "

ဦးမာန် စကားကြောင့် ငွေ့ရည်
ရင်နာရပေမဲ့ ငွေ့ရည် ကျေနပ်ပါသည်။

သူမ ဘဝက ဦးမာန် နဲ့
မထိုက်တန်တဲ့ အညတရ
ပန်းတစ်ပွင့်ပဲ မဟုတ်ပါလား။

" ကိုရှိုင်း မိတ်ဆက်ပေးအုံးလေဗျာ "

" အထဲရောက်မှ မိတ်ဆက်ပေးမယ်လေ
လောလိုက်တာ ဒေါက်တာရာ လာလာ
အထဲကိုကြွ"

ငွေ့ရည်ကို ပြန်တွေ့ရလို့ မာန့်ရင်ထဲမှာ
ဝမ်းသာပေမဲ့ မိထွေးဖြစ်သူ
စိမ်းမြခြယ် ရဲ့ အငွေ့အသက်တွေ
ကို သူမုန်းသည်။ ငွေ့ရည် မျက်နှာကို
မြင်လိုက်တိုင်း သွေးအိုင်ထဲမှာ
လဲကျနေသည့် မေမေ့ မျက်နှာက
သူ့စိတ်ကို ခြောက်လှန့်နေသလိုပင်။

*ဒါတွေအားလုံးက မင်းအမကြောင့်
ဖြစ်ရတာ မင်းအမကြောင့် မေမေ
သေရတာ မင်းကို ချစ်နေတယ်ဆိုရင်
တောင် ငါ့နှလုံးသားကို ငါ အသေသတ်
ပြစ်လိုက်မယ် ငါမင်းရှေ့မှာ ဘယ်တော့မှ
ဒူးမထောက်ဖူး ငွေ့ရည်နှင်း*

" လာ ထိုင်ဗျာ "

" မောင် ထမင်းပွဲ အဆင်သင့်
ဖြစ်နေပြီ ဧည့်သည်တွေကို
ခေါ်ခဲ့တော့လေ"

ထမင်းစားခန်းမှ အသံပြုနေသော
ချစ်ရသည့် ဇနီးသည်လေးကို
ရှိုင်း တစ်ချက် ပြုံးပြ
လိုက်ပြီး သူ့အနားသို့လာရန်
အမူယာပြလိုက်သည်။

" ဒါကျွန်တော့ ဇနီး
ဆောင်းသံစဥ် ဆောင်း
ဒီဘက်က အသားညိုညို
နဲ့ ခပ်ချောချောကြီးက
ဒေါက်တာ အေးချမ်းမောင်
ဒီဘက်က ဒေါက်တာကို
တော့ ဆောင်းသိတယ်
မဟုတ်လား ဖွားဖွားကြီးကို
ခွဲစိတ်ပေးခဲ့တဲ့ ဒေါက်တာလေ"

This call loveDonde viven las historias. Descúbrelo ahora