သူစေလိုရာစေ

2.1K 73 1
                                    

ဤအရာကိုအချစ်ဟုခေါ်သည်

Part6

" ငွေ့ရည် မမနဲ့လိုက်ခဲ့ "

" ဟုတ်မမ "

ငွေ့ရည် မမစိမ်းအခန်းထဲသို့
လိုက်လာခဲ့ရလေသည်။
ငွေ့ရည်ဆိုတာ သူမပိုင်ဆိုင်သည့်
အရုပ်တစ်ရုပ် မဟုတ်ပါလား။

" မမ ငွေ့ရည်ကို ဘာခိုင်းမလို့လဲရှင့် "

" မမနောက်ကျောတွေ တက်နေလို့
ခဏလောက်နှိပ်ပေးပါလား ငွေ့ရည်"

" ဟုတ် ငွေ့ရည် နှိပ်ပေးမယ်ရှင့် "

ငွေ့ရည် အတွက် မမက တစ်ဦးတည်းသော
ဆွေမျိုးဖြစ်တာကြောင့် ငွေ့ရည်မမကို
ချစ်ပါ၏ ။ မမခိုင်းသမျှ မငြီးမငြူ
လုပ်ပေးဖို့ကတော့ သူမအတွက်
ခက်ခဲသည့်အလုပ်မဟုတ်ပေမဲ့
ညည့်နက်မှပြန်လာတတ်သော
မမအကျင့်ကို ငွေ့ရည် မကြိုက်ပါပေ။

" ငွေ့ရည် မင်းနဲ့မာန်နဲ့ အခြေအနေက
ဘယ်လိုလဲ "

" ရှင် "

မမဆီမှ ထင်မှတ်မထားသည့်မေးခွန်းကြောင့်
ငွေ့ရည် စွံ့အ သွားခဲ့လေသည်။
မမ ဘာတွေ ကြံနေပါလိမ့်။

" သြော် မမက အဆင်ပြေရဲ့လား
မေးတာပါ "

" ဟုတ် ဦးမာန်က ငွေ့ရည်အပေါ်
သဘောကောင်းပါတယ် "

မာန် ဒီပုံအတိုင်းသာဆို သိပ်မကြာခင်
မင်းတို့ကို ရှုံးတော့မယ် မင်းရဲ့အရှုံးကို
လက်ခံနိုင်အောင် ပြင်ထားပေတော့
နေမင်းမာန်။

စိမ်းမြခြယ် ရဲ့ အကြံကိုတော့
ငွေ့ရည် တစ်ယောက် မရိပ်မိခဲ့ပါပေ။

~~~××~~~

" ဦး မနက်စာရပါပြီ "

ငွေ့ရည် ဦးရှေ့ကို coffee
ခွက်လေးချပေးလိုက်လေသည်။
ဦးကတော့ ငြိမ်နေစဲ။

" ငါ့နံမည် နေမင်းမာန် ငါက
မင်းသူဌေး ဒီအိမ်ရဲ့ပိုင်ရှင်
ဒါကြောင့် မင်းငါ့ကို သူဌေး
လို့ပဲခေါ် "

" ဟုတ်ဦး..သြော် မှားလို့ သူဌေး "

မာန် သူမကို ပြစ်ပြစ်ခါခါ မပြောချင်ပေမဲ့
နံရံကိုကွယ်ကာ သူ့လုပ်ရပ်မှန်သမျှကို
စောင့်ကြည့်နေသည့် မိထွေးဖြစ်သူကြောင့်
ငွေ့ရည်အပေါ် ခပ်ပြတ်ပြတ် ပဲဆက်ဆံခဲ့သည်။

This call loveOnde histórias criam vida. Descubra agora