ဦးကိုချစ်ပါရစေ

2.4K 78 0
                                    

ဤအရာကိုအချစ်ဟုခေါ်သည်

Part 7

" ငွေ့ရည် ရေ ငွေ့ရည် "

ကြီးကြီးသန်း ခေါ်သံကြောင့်
ငွေ့ရည် ချက်လက်စဟင်းအိုးကို
ပစ်ထားခဲ့လိုက်ပြီး အိမ်ရှေ့ကို
ထွက်လာ ခဲ့လိုက်လေသည်။

" ငွေ့ရည် ကြီးကြီး ရွာကို ခဏပြန်မလို့
ငွေ့ရည် သခင်လေးကို သေချာစောင့်ရှောက်ပါနော်
ဟင်းချက်ရင်လဲ အစပ်တွေ လျော့အုံး
သခင်လေး ကအစပ်ကြိုက်တာမဟုတ်ဖူး
အရေးကြီးလို့သာပြန်ရမှာပါအေ
စိတ်ကိုမချပါဘူး "

" ဟို ကြီးသန်းအရေးကြီးတယ်ဆိုရင်တော့
စိတ်ချပါ ငွေ့ရည် သူဌေးကို သေချာ
ဂရုစိုက်လိုက်ပါ့မယ် "

" အေးအေး ဒါဆို ​ငါစိတ်ချမယ်နော် "

" ဟုတ် စိတ်ချပါ"

" ဟူး "

အဝတ်ထုတ်လေးကို ဆွဲကာ
ထွက်သွားသော ကြီးကြီးမြကို
ကြည့်ကာ သူမသက်ပြင်းလေး
ရှိုက်လိုက်မိသည်။

ဒေါသအိုး ဦးမာန်နှင့် သူမ မည်သို့
စခန်းသွားရပါမည်နည်း။

" ငွေ့ရည်ရေ ငွေ့ရည် "

အနောက်တိုင်းဆန်ဆန် ဂါဝန်
အကွဲကြီးကို ဝတ်ဆင်ကာ
ထွက်လာသည့် မမစိမ်းပါလေ။
သူမ ဂါဝန်က ပေါင်ရင်းလောက်ထိ
ကွဲနေတာမို့ ပေါင်သားဖွေးဖွေးလေး
တွေကို အတိုင်းသားမြင်နေရသည်က
ကိုယ့်အန္တရာယ်ကို ဖိတ်ခေါ်နေသလို။
ငွေ့ရည်မမ အတွက် ရင်လေးလိုက်ပါဘိ။

" ဟုတ် မမငွေ့ရည်ကို ခိုင်းစရာရှိလို့လား"

" ဒေါ်သန်းရွာပြန်သွားပြီဆိုတော့
ငွေ့ရည် အိမ်ကိုဂရုစိုက်အုံးနော်
မမဒီနေ့ party ရှိလို့ အိမ်ပြန်
မအိပ်ဖြစ်ဖူး "

" ပါတီ"

ငွေ့ရည်က ကိုယ့်နာမည်တောင်
မရေးတတ်တာမို့ ဘိုလို အသုံး
အနှုန်းတွေ သူမ မသိရှာပါပေ။
ကြောင်အမ်းအမ်းဖြင့် ကြည့်နေသော
သူမကြောင့် စိမ်းမြ သဘောပေါက်
သွားလေသည်။

" party ဆိုတာ မုန့်စုစားကြတဲ့ပွဲမျိုးပဲ
ငွေ့ရည်ရဲ့ "

" ရွာက ဘုရားပွဲလိုလားမမ "

This call loveDonde viven las historias. Descúbrelo ahora