အချစ်နှင့်ထိတွေ့ခြင်း

2.8K 64 1
                                    

ဤအရာကိုအချစ်ဟုခေါ်သည်
Warning 🔞

Part 16

"ချွမ်"

ဖုန်း notification sound
ကြောင့် ရှိုင်းနဲ့ သံစဥ် တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်ကာ
ပြုံးလိုက်မိသည်။

"မောင် ငွေ့ရည် ပျော်ရမှာပါနော်"

" ဒေါက်တာက ယောကျာ်း
ကောင်းတစ်ယောက်မို့ ငွေ့ရည်
အတွက် စိတ်ချ ပေးလိုက်တာပါ
ငွေ့ရည် ပျော်ရမှာပါ"

" ငွေ့ရည်က အသက်ငယ်
ပေမဲ့ သိပ်သဘောထားကြီးတာပဲနော်
မောင် ဒေါက်တာ့ အတွက်
ဆိုရင် သူ့ဘဝကိုတောင်
စတေးဖို့ အဆင်သင့်ဖြစ်နေတာ
မေတ္တာဆိုတာ ရောင်ပြန်ဟပ်
မှာပါလေ ငွေ့ရည်လောက်
မချစ်နိုင်ရင်တောင် သူမ
အပေါ်တော့ ကြင်နာ လောက်မှာပါ "

" အဟင်း မိန်းမရယ်
ဘာတွေ ပူနေတာလဲ သူတို့
နှစ်ယောက်ရဲ့ အချစ်က ထပ်တူကျ
နေတာပဲ ဒေါက်တာ ငွေ့ရည်ကို
ချစ်နေတာ ကြာပြီ အချစ်နဲ့
အတ္တမကွဲပြားခဲ့လို့ ခုလို
ဖြစ်နေရတာ ခုတော့
ပျော်နေလောက်ပါပြီလေ "

~~~××~~~

ငွေ့ရည် နိုးလာတော့
သူမခေါင်းအောက်က
မာကျောသော လက်တစ်ဖက်
သူမတစ်ကိုယ်လုံးလဲ
နာကျင်နေပြီး တစ်စုံတစ်ယောက်
က တင်းတင်းကျပ်ကျပ်
ဖက်ထားသေးသည်။

" ဦးမာန် "

နှုတ်ခမ်းမွှေး ရေးရေးလေးနှင့်
ခပ်ညိုညို နှုတ်ခမ်းတစ်စုံကြောင့်
ဦးမာန် ဆိုတာ သူမ သိလိုက်သည်။

မာန် နိုးလာတော့ ငွေ့ရည်က
သူ့ရင်ခွင်ထဲမှာ လွန့်လွန့်လူး
နေလေသည်။

" ဘာလို့ ရုန်းနေတာလဲ
အစောကြီး ရှိသေးတယ်
ဆက်အိပ်ပါအုံး အားရှိအောင် "

" ဒါ ရှင့်အကြံအကုန်ပဲလား
ဦးနေမင်းမာန် "

" ကိုယ်ဘာလုပ်လို့လဲ
ထွက်ပြေးနေတဲ့ ကိုယ့်မိန်းမလေးကို
ကိုယ်ပြန်ခေါ်လာတာလေ "

" ရှင် လွှတ်နော် ဘယ်သူက
ရှင့်မိန်းမလဲ "

" ကိုယ့်မိန်းမ မဟုတ်ရင်
မင်းဗိုက်ထဲက ကလေးက
ဘယ်လိုရလာမှာလဲ ကဲပါ
မိန်းမရယ် လာပါပြန်အိပ်ရအောင် "

This call loveOnde histórias criam vida. Descubra agora