ကျွန်တော်အမေဆီမှာ တညအိပ်ပြီး နောက်နေ့မှပြန်လာသည် ကိုမင်းယံကိုလည်း ပြောခဲ့တာမလို့အကြောင်းမဟုတ်ပါ
ကျွန်တော်အလုပ်ရှာရင်း
"နွေရှင်ခတ်ဘယ်လိုလုပ်ရောက်လာတာလည်း"
ကိုနာမည်ခေါ်တာကြောင့် လန့်သွားပေမဲ့လှည့်လိုက်တော့ ကိုမင်းယံဖြစ်နေတာကြောင့်ပြုံးကာ
"ကျွန်တော်အလုပ်ရှာရင်း ဒီဘက်ရောက်လာတာ ကိုမင်းယံရော"
"ကို ကအလုပ်သွားမလို့ ဆေးရုံကဒီနားမှာလေ"
"ဟုတ်သားဘဲ"
"မနက်စာစားပြီးပြီလား"
"မစားရသေးဘူး"
"တူတူသွားစားမယ်လေ ဆေးရုံနားကဆိုင်ကကောင်းတယ်"
"ဟို..."
"ကို ဝယ်ကျွေးပါမယ်"
ကျွန်တော်တို့၂ယောက်အတူတူလာရင်းဆေးရုံရှေ့ကိုမင်းယံသူငယ်ချင်းမေခေတ်တာနဲ့စကားပြောနေသောမီးလျံကိုတွေ့လိုက်တယ်
×××××××××××××××××××××××××××
ကျွန်တော်နဲ့စကားပြောလာရင်း ကျောက်ရုပ်လိုမလှုပ်မယှက်ရပ်နေသော နွေရှင်ခတ်ကြောင့်ကြည့်နေသော နေရာကြည့်လိုက်တော့ ကောင်းမီးလျံဆက် သူကဆေးရုံရှေ့ဘာလာလုပ်တာလည်းသူတို့ကလည်းကျွန်တော်တို့ကိုတွေ့ပြီးကျွန်တော်တို့နားရောက်လာသည်
"တွေ့ပြန်ပြီနော်"
"..."ဘာမှမပြောဘဲရပ်နေလိုက်သည် ဘေးနားကနွေရှင်ခတ်ကတော့ ကြောက်နေပြီဆိုတာသိလိုက်လို့ သူလက်ကိုကိုင်လိုက်တော့ မော့ကြည့်သည် အဆင်ပြေမှာပါဆိုတဲ့ သဘောခေါင်းငြိမ့်ပြလိုက်သည်
"ဟိုနေကရိုင်းပြသလို ဖြစ်သွားတာsorryပါ"
"ရပါတယ်"
"အော်သိနေကြတာလား"မေခေတ်တာက ဝင်ပြီးပြောသည်
"ဒီလိုပါဘဲ"ဘာမှဆက်မပြောဘဲ တိတ်နေသောလေထုကြားမေခေတ်တာက
"ဒါက ကျမသူငယ်ချင်းဒေါက်တာရှိုင်းမင်းယံကိုပါ ဒီဘက်ကရှိုင်းကောင်လေးထွဋ်လင်းခက်ပါ"
أنت تقرأ
same but different
عاطفيةသစ္စာဖောက်ခံရတာ၊အိမ်တွင်းအကြမ်းဖက်မူမျိုးမကြိုက်ရင်တော့မဖတ်ပါနဲ့ K Drama series တကားအားအခြေပြုရေးသားထားသည် start-16.1.2022 end- သစ္စာဖောက်ခံရတာ၊အိမ်တွင်းအကြမ်းဖက်မူမျိုးမကြိုက်ရင်တော့မဖတ်ပါနဲ့ K Drama series တကားအားအခြေပြုရေးသားထားသည် start-16.1.20...