"31"(U/Z)

137 9 2
                                    

မိုးမညနဲ့ကွာရှင်းပြီး တရားရုံးအထွက်အ‌ေပါက်တွင်စောင့်နေသော mediaတွေကိုကြည့်ကာ

"သူတို့နဲ့မဆိုင်ဘဲနဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာ"စိတ်ရှုပ်ရှုပ်နဲ့ပြောလိုက်သည်

တိတ်တိတ်လေးရှင်းလို့ရသည်ကိစ္စကို မကြီးကြီးအောင် ဥက္ကဌကြီးလုပ်ခဲ့သလဲ

သေချာပေါက် company မထိခိုက်အောင်ပေါ့

"Media တွေကိုရှင်ဘယ်လိုရှင်းမှာလည်းစောင့်ကြည်အုံးမယ်"မိုးမခပြောတာကို

"ဟက်"အပြုံးတုဖြင့်လှောင်ရယ်လိုက်ပြီး

mediaတွေရှေ့ထွက်လာသည်

ခုနကစိတ်ရှုပ်နေသောမျက်နှာမဟုတ် ဝမ်းနည်းမူများကိုဖုံးဖိထားရကာ ဟန်ဆောင်ပြုံးသောအပြုံးမျိုးလုပ်ယူကာဝင်လာသည်

"ဥက္ကဌကောင်းမီးလျံဆက်အနေနဲ့ မိုးမညနဲ့ကွာရှင်းတာဘာကြောင့်လည်း"

"ဥက္ကဌကောင်မီးလျံဆက်အနေနဲ့ နောက်အိမ်ထောင်ရှိနေလို့ကွာရှင်းတာကအမှန်လား"

Mediaတွေမှ တိုးကြိတ်ကာအသည်အသန်မေးနေ၏

"အခုကျွန်တော်တို့နှစ်ယောက်ကွာရှင်းတာက ဘယ်သူပရောဂမှမပါဘူး နှစ်ဖက်စလုံးသဘောထားမတိုက်ဆိုင်တာများလာလို့ပါ"

"‌........"

"ကောလဟာပြန်နေတဲ့ နောက်အိမ်ထောင်ရှိလို့ကွာရှင်းတယ်ဆိုတာကလည်းမဟုတ်ပါဘူး ဒီအိမ်ထောင်ဘဲရှိတာပါ ပြီးတော့‌ေနာက်အိမ်‌ေထာင်ကယောကျာ်လေးတယောက်လို့ပြောတာ ပိုတောင်မဖြစ်နိုင်ပါဘူး မိန်းမယူထားတဲ့ကျွန်တော်ကယောကျာ်းယူတာဖြစ်နိုင်ပါမလား အဲ့ဒါတွေအကုန်လုံးကcompanyကိုတိုက်ခိုက်ချင်တဲ့သူတွေရဲ့ကောလဟာလတွေပါ ဒီနေတော့ဒီလောက်ပါဘဲ"

ထပ်မေးတဲ့မေးခွန်တွေကိုဆက်မဖြေတော့ဘဲချက်ချင်းထွက်လာခဲ့သည်

ကောင်းမီးလျံဆက်ဖြေသွားသောသတင်းကိုTVမှကြည့်ကာ

"အဲဆို ငါကိုဘာလိုမလွှတ်ပေးတာလည်း"

ဒုန်း ခွမ်း

မြင်သမျှပစ္စည်းတွေစိတ်တိုတိုနဲ့ရိုက်ခွဲဖြစ်လိုက်သည်

You've reached the end of published parts.

⏰ Last updated: Jun 15 ⏰

Add this story to your Library to get notified about new parts!

same  but differentWhere stories live. Discover now