"27"(U/Z)

157 10 0
                                        

"နွေ"

အိမ်မက်ထဲတွင်ကောင်းမီးလျံဆက်နောက် နွေကိုပြန်‌ခေါ်သွားတယ်လို့ အိမ်မက်ဆိုးမက်တာကြောင့်နိုးလာခဲ့တာ

"ဟူး"သက်ပြင်းချမိသည်

*အိမ်မက်မလို့တော်ပါသေးတယ်*

ရေမခပ်ထားမိတာကြောင့်‌ ရေထခတ်ရင်း နွေအခန်းရှေ့ကဖြတ်တော့ နွေတခါးကဟနေသည်

*အခန်းတခါးကဘာလို့ဟနေတာလည်း*

ပြန်မပိတ်သေးဘဲ နွေနှစ်နှစ်ခြိုက်ခြိုက်အိပ်‌ေပျာ်ရဲ့လားသိချင်တာမလို့ နွေအိပ်နေတဲ့နေရာကိုတံခါးပေါက်ကနေလှန်းကြည့်တော့ မတွေ့

ရေချိုးခန်း,အိမ်သာအကုန်ပတ်ရှာတာမတွေ့တော့

စိတ်အရမ်းပူလာသည်

"နွေ ဘယ်မှာလည်း"

ကျွန်တော်ဝယ်ပေးထားတဲ့ဖုန်းအောက်ကစာတစောင်သတိထားမိတာမလို့ဖောက်ဖတ်မိတော့

သို့

ရှိုင်း

အရင်ဆုံး ရှိုင်းကိုမပြောဘဲထွက်သွားတာမလို့ တောင်းပန်ပါတယ်။ရှိုင်းဘဝတည်းမခေါ်ဘဲဝင်လာတယ် အခုလည်း‌မပြောဘဲပြန်ထွက်သွားတော့ ရှိုင်းစိတ်ဆိုးလေမလား။စိတ်ဆိုးခဲ့ရင် လည်း စိတ်ဆိုးပြေတဲ့ထိ ချော့ချင်ပါသေးတယ် ။နောက်လေ ကျွန်တော်အားလုံးပြီးသွားတဲ့အခါ ခေါ်ချင်တဲ့နာမ်စားလေးရှိတယ် "မောင်" တဲ့ ဝမ်းနည်းစရာကကျွန်တော်ဘယ်တော့မှခေါ်ခွင့်မရတော့ဘူးထင်ပါရဲ့ ကျွန်တော် ရှိုင်းနားတသတ်လုံးနေချင်ပေမဲ့ ကံကြမ္မာက ဒီလောက်ဘဲနေခွင့်ပြုတဲ့အခါ ကျွန်တော် ထွက်သွားရတော့မယ်။အစစအရာရာဂရုစိုက်ပေးခဲ့တဲ့ရှိုင်းကို ကျေးဇူးလည်းတင်သလို ချစ်လည်းချစ်တယ်။ရှိုင်းကကျွန်တော်ရဲ့နောက်ဆုံးချစ်ခြင်းပါ

                                           နွေ
"ထွက်သွားပြီလား"

"ဘာလို့လည်း ပြသနာတူတူရင်ဆိုင်မယ်လေ"

ထိုစာရွက်လေးကိုပိုက်ကာတဖွဖွပြောနေမိတယ် ခနအကြာ

"ဒီတိုင်းထိုင်နေလို့မရဘူး ဒီချိန်လိုက်ရင်မှီနိုင်သေးပါတယ်"

same  but differentWhere stories live. Discover now