ကျွန်တော်ဟိုတခါအိမ်က ထွက်ပြေးပြီးကတည်းက ကျွန်တော်အတွက် ပိုတိုးလာသော သက်တော်စောင့်များ
"မီးလျံကျွန်တော်အမေနဲ့ တွေ့ချင်လို့"
"တခါတွေ့ပြီးပြီ မဟုတ်ဘူးလား ဘာလို့ ထပ်တွေ့ချင်တာလည်း"
"ကျွန်တော်သွားမတွေ့ရင် ကျွန်တော်ကို မေ့သွားလိမ့်မယ်"
"မနက်ဖန်မှသွားတွေ့ သက်တော်စောင့်အကုန်ခေါ်သွား ဒီတခါထပ်ထွက်ပြေးရင် အရင်တခါထပ်ပိုဆိုးပြီး နောင်တရအောင်လည်းလုပ်ပြမယ် ပြီးတော့မင်းအမေနဲ့ပြန်တွေ့ဖို့ မစဥ်းစားနဲ့"
"ဟုတ်"
"ကိုယ်company သွားတော့မယ်လိမ်လိမ်မာနာနော်ဆေးလည်းသောက်အုံး"ထိုသို့ပြောပြီး ထွက်သွားသောသူ ကျွန်တော်ထွက်ပြေးပြီးနောက် သူဆေးတွေ မသောက်ဘဲ သွန်ပစ်တာကို သူမသိ
"အမေနေကောင်းလား"
"ကောင်းတယ်သား"အရင်လိုဂျီကျတာမျိုးမရှိတော့တဲ့အမေ
"အမေဒီမှာမနေချင်တော့ဘူး"ရုတ်တရက်ပြောလာတဲ့အမေ
"ဘာဖြစ်လို့လည်"
"ဒီမှာနေရတာအထီးကျန်တယ်သားကလည်းလာမတွေ့ဘူး"ကျွန်တော်အမေနဲ့တွေ့ပြီအမေအခန်းရှေ့အကြာကြီးထိုင်ပြီးအမေနဲ့ပြောခဲ့တဲ့စကားတွေ ပြန်စဥ်းစားနေမိတယ် အမေပြောတာလည်းဟုတ်တယ် သူမီးလျံနဲ့ညားပြီးတည်းက အမေဆီ တလမှတခါဘဲ တွေ့ခွင့်ရှိတယ်
ကျွန်တော်ထပ်စွန်စားကြည့်ရမယ်။အမေကိုခေါ်ပြီးရအောင်ထွက်ပြေးမယ် ဒီတိုင်းနေလို့တော့မရဘူး။
××××××××××××××××××××××××
"အမေကိုခေါ်လာပေးတာ ကျေးဇူးတင်ပါတယ်ဒါကကူညီတဲ့အတွက်လက်ဆောင်လေးလက်ခံပေးပါ"ကျွန်တော်အမေစီက ပြန်ပြီးနောက်မှာ ထွက်ပြေးဖို့ အမျိုးမျိုးစဥ်းစားခဲ့တယ်။နောက်မှာ ကျွန်တော်အမေကို ခေါ်ထုတ်လို့ရတဲ့ သူနာပြုနဲ့ အဆက်အသွယ်ရပြီး ခေါ်ထုတ်နိုင်ခဲ့တယ်။ဒီရက်ပိုင်းမီးလျံက companyမှာပြသနာတက်နေတာကြောင့် ကျွန်တော်ကို ဂရုမစိုက်နိုင်တာ ကံကောင်းသည်။ကျွန်တော်အမေကို သူလုံးဝမသိနိုင်တဲ့ မြိုပြင်နဲ့တောင်ဝေးတဲ့ သက်ကြီးရွယ်အိုတွေတွက်သီးသန့်ဖွင့်ထားပြီးလူသိနည်းတဲ့ဆေးရုံသေးလေးတခုမှာထားလိုက်တယ်။ကျွန်တော်ကတော့ လုပ်စရာတွေရှိသေးတာကြောင့် မြိုထဲပြန်လာပြီး အဆောင်အခန်းလေးတခု ငှားနေတယ် သေချာတာက ဒီချိန်ကျွန်တော်ကို သူလူတွေ အတော်ရှာနေလောက်ပြီ ကျွန်တော်ထိုအိမ်ကြီးထံလုံးဝမသွားတော့ပါ
××××××××××××××××××××××××××
ကောင်းမီးလျံဆက်တယောက် နွေရှင်ခတ်ကို ရှာနေတာ၃ရက်မြှောက်နေ့
KAMU SEDANG MEMBACA
same but different
Romansaသစ္စာဖောက်ခံရတာ၊အိမ်တွင်းအကြမ်းဖက်မူမျိုးမကြိုက်ရင်တော့မဖတ်ပါနဲ့ K Drama series တကားအားအခြေပြုရေးသားထားသည် start-16.1.2022 end- သစ္စာဖောက်ခံရတာ၊အိမ်တွင်းအကြမ်းဖက်မူမျိုးမကြိုက်ရင်တော့မဖတ်ပါနဲ့ K Drama series တကားအားအခြေပြုရေးသားထားသည် start-16.1.20...