"မသွားချင်ဘူး ဒီမှာဘဲနေချင်တယ်"
"မေမေကျွန်တော်နဲ့အတူမနေချင်လို့လား"စိတ်မကောင်းသလိုနဲ့ပြောတော့
"တကယ်အတူတူနေရမှာလား"
"နေရမှာပေါ့"
"ဒီကပြောင်းသွားလို့ မင်သားလေးလာရှာရင်မတွေ့ဘဲနေမှာပေါ့"လက်ကိုင်ပုဝါကိုကြည့်ပြီးပြောနေတာရှိုင်းကိုပြောနေမှန်းသဘောပေါက်လိုက်သည်
"ကျွန်တော်ပြောပြီးသွားပါပြီ ရှိုင်းကသူအားရင်ကျွန်တော်တို့ကိုလာတွေ့မယ်တဲ့"လိမ်လိုက်မိတာတောင်းပန်ပါတယ်အမေ
"သူကိုလွမ်းတယ်"
*ကျွန်တော်လည်းလွမ်းတာပေါ့*
တံခါးဖွင့်ဝင်လာပြီ
"ကိုမှာအချိန်မရှိဘူး သွားမယ် "
အိမ်ရောက်တော့ သူရဲ့ကိုယ်ရံတော်အား
"နွေအမေကို စီစဉ်ထားတဲ့အခန်းလိုက်ပို့လိုက်"
အမေကိုခေါ်သွားတာမလို့ ကျွန်တော်အမေနေမဲ့အခန်းကျွန်တော်တောင်မမြင်ရသေးဘူးလေ လိုက်မယ်အလုပ်
"ကျွန်တော်ကိုယ်တိုင်ပို့"
"ကိုအကောင်းဆုံးစီစဉ်ပေးထားတာပါ စိတ်ချလက်ချပို့ခိုင်းလိုက် နွေနဲ့ကပြောစရာရှိသေးတယ်"
ငြင်းချင်ပေမဲ့ဖြစ်လာမဲ့အကျိုးဆက်ကိုကြောက်တာကြောင့်လိုက်ခဲ့လိုက်ရသည်
ဟိုရောက်တော့ကျွန်တော်လက်ထဲဆေးကပ်ပေးသည်
ဘာဆေးကပ်လည်းကြောင်ကြည့်နေတုန်း
"ကိုယ်ဝန်ရအောင်သောက်ရမှာ"
လွတ်ချလိုက်မိသည်အထိတုန်လှုပ်သွားသည် သူဒီလောက်မြန်မြန်လုပ်မည်မထင်ထား
"အခုချက်ချင်းမရပါဘူး ဆေးသောက်ပြီး ခန္ဓာကိုယ်ကသားအိမ်ထည့်လို့ရမဲ့အချိန်က မျက်နှာခွဲစိတ်ဖို့လုံလောက်ပါတယ် ပြီးမှ သားအိမ်သွားထည့် ကိုယ်ဝန်ဆောင်လိုရမှာ အဲ့ကြရင်ဗိုက်ပူလေးနဲ့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်မလည်း"
(ဆေးသောက်တာကသားအိမ်ထည့်လို့ရအောင် အဲ့အတွက်ကြားထဲကြာချိန်ကမျက်နှာပြန်ခွဲစိတ်မယ်ပေါ့ အဲလို့သဘောပါ)

JE LEEST
same but different
Romantiekသစ္စာဖောက်ခံရတာ၊အိမ်တွင်းအကြမ်းဖက်မူမျိုးမကြိုက်ရင်တော့မဖတ်ပါနဲ့ K Drama series တကားအားအခြေပြုရေးသားထားသည် start-16.1.2022 end- သစ္စာဖောက်ခံရတာ၊အိမ်တွင်းအကြမ်းဖက်မူမျိုးမကြိုက်ရင်တော့မဖတ်ပါနဲ့ K Drama series တကားအားအခြေပြုရေးသားထားသည် start-16.1.20...