"23"(U/Z)

146 6 0
                                    

‌"နွေခတ် မင်းငါဆီလက်က လွတ်မယ်ထင်လား"

ကျွန်တော်‌ရောက်နေတယ် ပတ်ပတ်လည်မှာသစ်ပင်တွေဘဲရှိတယ် ဒါသစ်တောတခုလား ကျွန်တော်နောက်မှာမီးလျှံရဲ့ အသံကို ကြားနေရတယ်

"ပြေးလေပြီးရင်ကိုယ်ဆီဘဲပြန်ရောက်မှာဘဲ"ဘယ်လောက်ပြေးပြေး ထိုနေရာကမရွှေ့ ကျွန်တော်နောက်မှာလည်း မီးလျှံကသေနတ်ကိုင်ပြီးလိုက်လာ‌ေနတယ်

"မလာနဲ့ မလာနဲ့"သူတဖြည်းဖြည်း နီးကပ်လာတယ်

သူကျွန်တော်နားကပ်လာနေပြီ  ပြေးပေမဲ့ ဒီနေရာဘဲပြန်ရောက်နေတယ်
"ပြန်လိုက်ခဲ့တော့ မင်းသွားစရာမရှိတော့ဘူး ပြန်လိုက်ခဲ့တော့"

"မလာနဲ့ ဟင်အင့် ပြန်မလိုက်နိုင်ဘူး"

"နွေ နွေ"နွေထွေးတဲ့ကျွန်‌ေတာ်နာမည်ခေါ်သံလေးနဲ့အတူ အလင်းတန်းတခုပေါ်လာတယ်

"နွေ နွေ"

"နွေ အဆင်ပြေလား "

ငါအိမ်မက်မက်နေခဲ့တာဘဲ

"ဟူးး"

"ရေသောက်လိုက်အုံး"

ရှိုင်းကရေတခွက်ကိုခတ်ပေးတယ်

"နွေအော်သံကြားလို့ဝင်လာလိုက်တာ အိမ်မက်ဆိုးမက်နေတာလား"

"ဟုတ်တယ်"

"အသားတွေလည်းအေးစက်နေတာဘဲတကယ်အဆင်ပြေရဲ့လား"

"........"အမှန်တိုင်းပြောရရင်ကျွန်တော်အဆင်မပြေပါ ပြန်အိပ်ရမှာကြောက်နေမိသည်

"ကို ရှိတယ်နော် ပြန်အိပ်လိုက် ကိုဒီအခန်းကဘယ်မှမသွားဘူး စောင့်နေပေးမယ်"ဆိုကာဆိုဖာခုံပေါ်မှာသွားထိုင်သည်

ရှိုင်းနဲ့ကျွန်တော်ကို စောင့်ပေးတယ်ဆိုတဲ့အသိလေးက ကျွန်တော်လုံခြုံပြီဟုခံစားရတာကြောင့် နှစ်ခြိုက်စွာ အိပ်မောကျသွား‌ေစခဲ့သည်
~~~~~~~~~~~~~~~~~~~~~~~~~~
မနက် နေရောင်ခြည်အလင်းတန်းလေး မှန်ပြတင်းပေါက်ကိုဖြတ်ကာ ကျွန်တော်မျက်နှာလာရောက်ထိခတ်တာကို သိသည်နှင့်ကျွန်တော်နိုးလာခဲ့တယ်

ကျွန်တော်မျက်လုံးတို့က ဆိုဖာပေါ်နှစ်နှစ်ခြိုက်ခြိုက် ခွေခွေလေးအိပ်ပျော်နေသော ရှိုင်းကိုမြင်မှ ညကအဖြစ်အပျက်ကိုသတိရမိသည့်နှင့် တပြိုင်နက် သနားသွားပြီး ရင်ထဲလည်းနွေး‌ေထွးသွားသည်

same  but differentHikayelerin yaşadığı yer. Şimdi keşfedin