"26"(U/Z)

153 8 6
                                    

ဒေါက်‌ ဒေါက်

"နွေ ညစာစားမယ်လေ ထွက်မလာလို့လာခေါ်တာ"

"ဟုတ် ကျွန်တော်လာပြီ"

ငိုထားတဲ့မျက်ရည်တွေကိုသုတ်လိုက်ပြီ တံခါးသွားဖွင့်လိုက်သည်

"နွေ ငိုထားတာလား"

"ဗျာ"

"မျက်လုံးတွေရဲနေလို့"

"အဲ့ဒါကလေ ဟိုမျက်လုံးထဲအကောင်ဝင်လိုပွတ်လိုက်တာ"

"နှစ်ဖက်စလုံးကရဲနေသလားလို့"

"အဲဒါ ရှိုင်းညစာမစားသေးဘဲကျွန်တော်ကိုစောင့်နေတာလား"စကားလမ်းကြောင်းလွှဲလိုကက်တာကိုသတိထားမိပေမဲ့ မဖြေချင်မှန်းသိတာမလို့ဆက်မမေးတော့

"ဟုတ်တယ် ကိုမင်းကိုစောင့်နေတာ"

"သွားကြမယ်လေ"

နာရီက၉နာရီခွဲ ဘယ်လိုလုပ်ရင်ကောင်းမလည်း

"နွေ နွေ"

"ဗျာ"

"ကိုခေါ်တာကြာပြီ စိတ်နဲ့လူနဲ့လည်းမကပ်ဘူး ဘာဖြစ်နေတာလည်း"

"ဘာမှမဖြစ်ပါဘူး ကျွန်တော် ကမ်းစပ်‌မှာလမ်းလျှောက်ရင်း ကြယ်ကြည့်ချင်လို့ လိုက်ပြ‌ေပးနိုင်မလား"

"ရတာပေါ့"

အတူတူလမ်းလျောက်ရင်းနွေခက်မှ

"အချိန်တွေကအကုန်မြန်လိုက်တာ ဘာလိုလိုနဲ့ကျွန်တော်ထွက်ပြေးတာ တစ်နှစ်ပြည့်တော့မယ်"

"ဟုတ်တယ်နော်"

"ဒီတနှစ်ကကျွန်တော်ဘဝမေ့လို့မရနိုင်တဲ့ အမှတ်တရ တန်ဖိုးရှိတဲ့အချိန်တွေဖန်တီးခဲ့တာဘဲ"

"နွေ"

"တခါနာကျင်ဖူးပြီးပြီမလို ထပ်ချစ်ရမှာကြောက်လို့မချစ်ဖို့ ဦးဏှောက်ကသတိပေးနေတဲ့ကြားက နှလုံးသားကရှိုင်းကိုရွေးချယ်ဖို့ပြောပြနေတယ်"

"ဟင်"

"ကျွန်တော် ရှိုင်းကိုချစ်တယ်"

"နွေ"

"ကျွန်တော်ကိုမပြော‌သေးဖို့တားပေမဲ့ ကျွန်တော်မပြောလိုက်ရမှာကြောက်လို့ပါ"

same  but differentWhere stories live. Discover now