"14"(U/Z)

220 14 4
                                        

စာအတို​လေး​ရေးပြီထားခဲ့တာမလို့ ရိုင်းသွားမလား ပါးစပ်ကကိုယ်တိုင်​ပြောချင်​ပေမဲ့နှုတ်ဆက်ဖို့​တွေးလိုက်တာ ဘာလို့မှန်းမသိစိတ်ကလေးနေသည်

ကျွန်​တော်မထွက်သွားခဲ့ရင် ကိုမင်းယံဒုက္ခရောက်မှာကြောက်နေမိတယ်

အ​တော်အတန်ကြာ ရထား​စောင့်ပြီး​နောက် ရထားလာ​တော့ "ဒီရထားတော့လိုက်သွားလိုက်ပါမယ်" တက်မယ်လုပ်​တော့အ​နောက်ဆွဲဖတ်တာခံလိုက်ရသည်

"ဘာဘဲဖြစ်လာဖြစ်လာ ဖြစ်လာတဲ့အရာအားလုံးရင်ဆိုင်မှာမလို့ကိုယ်​ကြောင့် ထွက်မသွားပါနဲ့"ဖက်ထားရင်း​ပြော​နေ​သောသူ​ကြောင့် ​နွေး​ထွေးလုံခြုံမူခံစားလိုက်ရသလို နှလုံးခုန်သံ‌ေတွကလည်း မြန်လာသည်

ထိုနှလုံးခုန်သံအ​တွက် အ​ဖြေမရှာချင်ပါ
××××××××××××××××××××××××××××
ကျွန်​တော်​နွေခတ်ကို အသည်းအသန်ရှာမိတယ်

ဒီချိန်ကားများမရှိ​တော့တာ သိတာ​ကြောင့် ရထားဘူတာရုံကို အရင်​ပြေးရှာမိသည်

ကျွန်​တော်​ရောက်​တော့ ရထား​ပေါ်တက်​တော့မယ်သူ​ကြောင့် အမြန်ဖက်လိုက်သည်

ထိုအချိန် ကျွန်​တော်​ခေါင်းထဲရှိတာသူ မထွက်သွားဖို့ဘဲ သူထွက်သွားမှာ​ကြောက်​နေခဲ့တာ

"ဘာဘဲဖြစ်လာဖြစ်လာ ဖြစ်လာတဲ့အရာအားလုံးရင်ဆိုင်မှာမလို့ ကိုယ်​ကြောင့်ထွက်မသွားပါနဲ့"

ကျွန်​တော်အိမ်ကိုသာ​ခေါ်သွားခဲ့သည် ​နွေခတ်အခုအိမ်ကသူအတွက်လုံခြုံမူမရှိနိုင်လို့
×××××××××××××××××××××××××××
"ရှိုင်း လင်းခက်နာမည်​သေစာရင်းထဲမထည့်ရ​သေးတာထည့်လိုက်ရ​တော့မလား"

"မထည့်နဲ့အုံး"

"မဟုတ်မှ ​နွေရှင်ခတ်ကိုလင်းခက်နာမည်​ပေးမလို့လား"

"မဟုတ်ဘူး အခု​နေ​သေစာရင်းထည့်လိုက်ရင် မီးလျံသိသွားလိမ့်မယ်"

"​ရှိုင်း နင်အိမ်ကို​နွေရှင်ခတ် ပြန်​ခေါ်ထားတယ်ဆို"

"ဟုတ်တယ် အခုသူ​နေတဲ့အိမ်က မလုံခြုံ​တော့လို့"

"နင်သိလား ​ကောင်းမီးလျံဆက်ငါတို့ကိုသံသရဝင်​နေပြီ"

"ငါသိတယ် ​ငါတို့​နောက်လူလွှတ်​စောင့်ကြည့်ခိုင်းတာ​ရော"

same  but differentKde žijí příběhy. Začni objevovat