၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၄)🐚🍃🐚🍃
အေးဖြူချက်ထားတဲ့ညစာတွေကကန်စွန်းရွက်ကြော်နဲ့ကြက်ဥကြော်ဆိုပေမယ့်ကြက်ဥကြော်ကငန်လွန်းနေသည် ကန်စွန်းရွက်ကြော်ကလည်းပေါ့လွန်းလို့...ထမင်းကြတော့စားလို့ရပေမယ့်ခဲခဲကြီးမို့မျိုမချနိုင်...
တစ်လုပ်စားကြည့်ပြီးထမင်းတွေကိုဟိုဘကိဒီဘက်ဇွန်းနဲ့လှိမ့်နေမိသည်" မမ ဘာဖြစ်လို့မစားတာလဲ..စားမကောင်းလို့လား.."
" ကောင်းပါတယ်.."
" မကောင်းပါဘူး ငန်လိုက်ပေါ့လိုက်နဲ့..ငါကသာစားနေကြမို့လို့မျိုကျတာ..နင်ဟင်းချက်ရင်မြည်းမကြည့်ဖူးလားအေးဖြူ"
" ကိုကြီးကလည်း..."
ကြည့်စမ်းပါဦး...
အစ်ကိုကြီးဖြစ်ပြီးဟင်းချက်ကျွေးတဲ့ညီမလေးကိုပြောရက်လိုက်တာ...
အေးဖြူခမျာ ဟင်းလည်းချက်ရသေးသည် အဆူလည်းခံရသေးသည်" ကိုကြီးပန်းကန်ထားလိုက်လေ အေးဖြူဆေးလိုက်မယ်.."
အေးဖြူကစားပွဲပေါ်ကပန်းကန်အထပ်လိုက်ကိုယူသွား၏
အဖိုးကရွာထဲသွားပြီမို့ထမင်းဝိုင်းမှာဆူးရယ် သူရယ်သာကျန်နေခဲ့သည်
" ဒီညလည်းမာလာရှမ်းကောလေးစားချင်လိုက်တာ..."" ငါမသွားနိုင်တော့ဘူးအရမ်းဝေးတယ်.."
" အဲ.."
ဆူးကကိုယ့်ဘာသာဗိုက်လေးပွတ်ပြီးညည်းညူမိတာပါ..
သူကြားသွားမယ်လို့မထင်မိ..
နားပါးချက်ကကြောက်စရာ..." ရှင့်ကို၀ယ်ကျွေးပါလို့လည်မပြောပါဘူး..ကိုယ့်ဘာသာကိုယ်စားချင်တာလို့ပြောတာ.."
" စားချင်လည်းမျိုသိပ်ထား...ဒါရန်ကုန်မဟုတ်ဘူး မနေ့ကလမ်းကြုံလို့၀ယ်လာပေးတာ...နေ့တိုင်းစားချင်လို့ရမလား.."
လူကိုသူ့ညီမလေးကိုဆူသလိုလာဆူနေတာမို့ဆူးနူတ်ခမ်းလေးကိုက်ထားမိသည်
ရှက်လည်းရှက်မိသည် သူ၀ယ်ကျွေးမှစားရမယ့်ဘ၀လိုမျိုးအော်ငေါက်နေလိုက်တာ...
ဆူးကိုအထက်စည်းကဆက်ဆံတာမျိုးတစ်ခါမှမခံရတော့ငိုချင်မိသည်" ဆူးကရှင်၀ယ်ကျွေးတာနေ့တိုင်းစားချင်ပါတယ်လို့များပြောမိလို့လား...ရှင်တော်တော်ဘ၀မြင့်တဲ့သူ.. အလကားလူ.. သူများကိုအော်ငေါက်ရမှနေသာထိုင်သာရှိနေတာ..အယုတ်တမာကြီး.."
YOU ARE READING
၀င်ကစွပ်ပုံပြင်
Romance" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်တယ်ပြီးမာကျောတဲ့ခရုံခွံလေးတွေကိုရှာဖွေနေခဲ့တယ်တဲ့..တစ်နေ့တော့သူ့ခန္ဓာကိုယ်နဲ့ကွက်တိကျတဲ့ခရုံခွံလှလှလ...