၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၁)🐚🍃🐚🍃
ဒီနေ့gym clubမှာ2နာရီတောင်workoutလုပ်ရမည်မို့ဖြူလုံး၀အိပ်ယာမထချင်ပေ...
ဒါပေမယ့်မမဆူးရဲ့၀တ်စုံနဲ့တော်မှဖြစ်မည်မို့ဝိတ်ချရဦးမည်
ဖွင့်ပွဲမှ၀တ်ဖို့ဒီဇိုင်းကိုအပ်ထားပြီးကာမှ၀တ်မလာရင်ဒီဇိုင်နာကလည်းအတင်းတွေလျှောက်ပြောဦးမည်..
ပြီးတော့၀တ်စုံဒီဇိုင်းကမမဆူးရဲ့ပထမဆုံးလက်ရာဖြစ်နိုင်သည်ဆိုတဲ့အချက်ကြောင့်ဖြူကဖွင့်ပွဲကိုဒီ၀တ်စုံနဲ့ပဲတက်ရမှာသေချာသလောက်ရှိသည်
တကယ်ကလှဖို့၀တ်တာမဟုတ်ဘဲစီးပွားရေးကွန်ရက်ချဲ့ဖို့၀တ်တဲ့ပုံစံကြီး..." ဖြူ..ထတော့လေ..၆နာရီထိုးတော့မှာ gym clubကိုသွားဖို့မမှီရင်သူများတွေရောက်လာမှရောဆော့နေရမယ်နော်.."
" အင်းပါ..ခုထပါပြီ.."
Adidas Sport wear အနက်ရောင်နဲ့ အဖြူရောင်adidas sneakerလေးစီးပြီးဆံပင်တွေကိုမြင့်မြင့်လေးထုံးလိုက်သည်
ဖြူ့နဂိုဆံပင်ကကောက်ကောက်လိမ်လိမ်လေးတွေကိုမမဆူးနဲ့တူဖို့ဖြောင့်ထားရတော့ပျော့နွဲ့နေပြီးထုံးရတာတောင်သိပ်မခိုင်ချင်ပေ..
ဒီနေ့တော့မမဧကရီကအတွငိးရေးမှူးဒီဇိုင်းနဲ့မဟုတ်ဘဲဆူးလိုပဲအားကစား၀တ်စုံလေး၀တ်ထားပြီးဦးထုပ်ဆောင်း၍မျက်မှန်ကြည်ကြည်လေးတပ်ထားသည်" မမဧကရီကဘယ်လိုနေနေစမတ်ကျတာနော်..မိုက်တယ်ကွာ.."
ဖြူကစလိုက်တော့မမဧကရီကရှက်သလိုဖြစ်သွား၏
" ဖြူနော်..လျှောက်စမနေနဲ့..တို့လည်းလေ့ကျင့်ခန်းလုပ်မလို့၀တ်ထားတာ"
" တကယ်လှတာပါဆိုနေ.."
" ကဲ..တက်..စကားမများနဲ့.."
မနေ့ကတွေ့တဲ့gym clubကိုပဲထွက်လာခဲ့ကြသည် မမဧကရီကကားမောင်းရင်းနဲ့ဖုန်းဖွင့်ကြည့်တာသတိထားမိလိုက်သည်
ပြီးတော့ဖြူ့ဘက်ကိုလှည့်ကြည့်ပြီးတစ်ချက်ပြုံး၏Gym clubကိုရောက်တော့အောက်ထပ်ကအားကစားခန်းမကျယ်ကြီးကိုဖြတ်၍ဓာတ်လှေကားနဲ့သုံးလွှာမြောက်ကိုခေါ်သွားသည်
Gym clubကဟိုတယ်နဲ့တောင်တူပြီးသပ်ရပ်ခမ်းနားလွန်းတော့ဖြူလျှောက်ကြည့်နေမိသည်
ESTÁS LEYENDO
၀င်ကစွပ်ပုံပြင်
Romance" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်တယ်ပြီးမာကျောတဲ့ခရုံခွံလေးတွေကိုရှာဖွေနေခဲ့တယ်တဲ့..တစ်နေ့တော့သူ့ခန္ဓာကိုယ်နဲ့ကွက်တိကျတဲ့ခရုံခွံလှလှလ...