အခန်း(၄)

1.8K 47 6
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၄)

🐚🍃🐚🍃

မှန်ထဲကကိုယ့်ပုံရိပ်ကိုပြန်ကြည့်၍ပါးလေးတွေကိုဖွဖွထိကိုင်မိသည်
ဒါကRoyalRoseလက်ကိုင်အိတ်brandနဲ့cosmaticsပိုင်ရှင်"ဆူး"ဆိုတဲ့မိန်းကလေးတဲ့...

အင်တာနက်မှာbrandကြော်ငြာတွေတက်လာတိုင်းဈေးမြင့်လွန်းလို့နောက်ဘ၀ရောက်မှကိုင်နိုင်မယ့်brandတွေလို့တောင်‌မေမေ့ကိုရယ်မောပြီးပြောခဲ့ဖူးတာ...
အခုဖြူကအဲ့မိနိးကလေးနေရာမှာအစားထိုးနေရမည်တဲ့...

မှန်တင်ခုံပေါ်မှာရှိနေတာ Dior တို့ Estee lauder တို့လို့တကယ်ဈေးကြီးသည့် luxury brandတွေချည်းပဲ...
အခုဖြူ့ပါးပေါ်တင်ထားတဲ့foundationတစ်ဘူးရဲ့တန်ဖိုးတောင်ဖြူ့လစာ တစ်လစာနီးပါးရှိသည် ကိုယ်ပေါ်ကအ၀တ်တွေနဲ့၀တ်ထားတဲ့ဖိနပ်တွေဆိုရင်အိမ်မက်တောင်မမက်ဖူးခဲ့တာမျိုးတွေ
ကမ္ဘာကြီးကပြောင်းပြန်လည်ပတ်သွားခဲ့တာလား ..
ကံကြမ္မာကပဲပြောင်းပြန်ဖြစ်သွားခဲ့သည်လား...
ရွှေဘုံပေါ်မှာစံမြန်းနေသည့်ထိုမိန်းမလှလေးနဲ့ဒအခက်အခဲမျိုးစုံကြားမှာကြီးပြင်းခဲ့ရသည့်ဖြူကအမွှာလို့ပြောရလောက်အောင်ရုပ်ချင်းတူနေခဲ့သည့်အပြင်အသားအရောင်နဲ့အရပ်အမောင်းကအစ ခန္ဓာကိုယ်အလေးချိန်အဆုံးအားလုံးထပ်တူကြနေခဲ့တာ...
လောကမှာနာမည်တူမရှား လူတူမရှားဆိုပေမယ့်ဒီလောက်တူနေတာမျိုးကဖြစ်သင့်လို့လား...
ပြီးတော့မမဆူး...အဲ့ဒီမိန်းကလေးကအခုဘယ်ကိုရောက်နေခဲ့လိုလဲ ..
ဖြူ့ကိုလူစားထိုးဖို့ပြောခဲ့စဉ်က ဆူး ကအခြေနေတစ်ခုကြောင့်လူရှေ့ထွက်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကိုပဲပြောခဲ့ကြတာ....
မသိစေချင်မှန်းသိသာနေလို့ဖြူလည်းထပ်မမေးခဲ့မိပါ...
လောလောဆယ်ကိုယ်ကလူသတ်တရားခံလေ..
ကိုယ်ထောင်မကျရေးခိုင်းသမျှလုပ်ပေးရုံသာ...

ဖြူတစ်ပတ်လုံးလုံးထိုမိန်းကလေးလိုကျင့်ကြံနေထိုင်ခဲ့ရသည် အစားအသောက် အပြောအဆို နေထိုင်ပုံအားလုံးကိုတခြားတစ်ယောက်လိုပြောင်းလဲခဲ့ရသည်
သူမရဲ့အတွင်းရေးမှူးနဲ့သူမရဲ့အမေကဖြူ့ကိုအားလုံးသင်ပေးသည်
အသံကာလာတူ‌ပေမယ့်ပြောဆိုပုံနဲ့အသံ
နေအသံထားကလုံး၀ကွဲပြားနေလို့မနည်းကြိုးစားပြောကြည့်ရသည်
မမဆူးကစကားပြောကြည်လင်ပြီးပြတ်သားသည်တဲ့...
မျက်၀န်းအကြည့်တွေကလည်းခန့်မှန်းရလွယ်နေတယ်ဆိုလို့မျက်စိစပ်တဲ့အထိအမျိုးမျိုးကျင့်ကြည့်ရသည်
မမဆူးရဲ့အတွင်းရေးမှူးမမဧကရီက" ခုချိန်မှာမင်းကမမလေးဆူးပဲ အဲ့လိုစိတ်သွင်းထားလိုကိလို့"သင်ပေးပေမယ့်မမဆူးကလုပ်ငန်းအကြီးကြီးကိုအုပ်ချုပ်နေတဲ့သူ‌လေ..ဖြူကစက်ရုံသေးသေးလေးကအခြေခံလုပ်သားလေ...ဘယ်တူပါ့မလဲ...

၀င်ကစွပ်ပုံပြင်Donde viven las historias. Descúbrelo ahora