အခန်း(၁၆)

1.5K 64 0
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၆)

🐚🍃🐚🍃

ဖြူ့ရဲ့Dream Rose collectionကတစ်လအတွင်းမှာတင်အိတ်အလုံးရေ၂၀၀၀၀ထိရောင်းချနိုင်ခဲပြီ ဘန်ကောက် စင်္ကာပူစတဲ့နိုင်ငံတွေကအော်ဒါအလုံး၅၀၀၀ကျော်ထပ်မံရရှိ၍
ယခင်အမြင့်ဆုံးစံချိန်ဟောင်းကိုချိုး၍စံချိန်သစ်တစ်ခုကိုထပ်တင်နိုင်ခဲ့သည်

"🎶 ဆုံးဆည်းဖို့ကမဖြစ်နိုင်ဘူးလား..နောက်ဆုတ်မရတဲ့အချိန်တွေများ🎶
ရူးရူးမိုက်မိုက်ရှေ့ဆက်တိုးတာ...ငါတို့အပြစ်လား..🎶

ဖုန်းသံကြားပေမယ့်ရုံးသွားဖို့ပြင်ဆင်နေတော့ချက်ချင်းမကိုင်လိုက်နိုင်...‌

🎶အဆုံးသတ်ဖို့ခတ်နေကြပြီဒီဇာတ်လမ်းမှာ...
အရင်တိုင်းလေးရှေ့ဆက်သွားရင်ကော မဖြစ်ဘူးလား..🎶"

နောက်တစ်ခေါကိဖုန်း၀င်လာလို့ယူကြည့်လိုက်တော့ ကို့ ဆီကဖြစ်နေ၏

" ဟယ်လိူ.."

" Congratulations ဆူး.."

" Thank you ကို.."

" ကိုယ်တို့တစ်ရက်လောက်dateရအောင် မင်းကိုလည်းဂုဏ်ပြုပေးချင်တယိ.."

" မဟုတ်ရင်တောင်ဆူးကကို့ဆီလာဦးမလို့ပဲ ပြောစရာရှိတယ်.."

" အင်း..ကိုယ်တို့တွေ့တဲ့အခါပြောကြတာပေါ့..ဒီလကုန်ရင်တွေ့ကြမယ် မင်းကိုလာခေါ်မယ်.."

" မဖြစ်ဘူး‌ကို.."

အဲ့နေ့ကမေမေ့ဆီသွားရမယ့်ရက်မို့ဖြူ့အသံကအလောတကြီးဖြစ်သွား၏

" ဘာဖြစ်လို့လဲ.."

" ဟို..အဲ့နေ့ကဖြူသွားစရာလေးရှိလို့ပါ.."

" ကိုယ်ကလည်းအဲ့တစ်ညပဲအားတာကွ..မင်းနဲ့သီးသန့်တွေ့ချင်လို့အလုပ်ချိန်တွေကိုရွေ့ထားတာ.."

" ဆူးတကယ်မအားလို့ပါကိုရယ်..ချိန်းထားပြီးသားဖြစ်နေလို့ပါ"

" ဒါဆိုကိုယ်အခုအငြင်းခံလိုက်ရတာပေါ့.."

" အဟွန်း.."

" ကဲပါလေ..မင်းအားမယ့်အချိန်ကိုယ့်ကိုmiss callပေးလိုက်..ကိုယ်လာတွေ့မယ်"

" ဟုတ်ကဲ့ကို..‌ဆူးကိုနားလည်ပေးတာကျေးဇူးတင်ပါတယ်.."

" ကျေးဇူးဘယ်လိုပြန်ဆပ်မှာလဲ.."

၀င်ကစွပ်ပုံပြင်Donde viven las historias. Descúbrelo ahora