အခန်း(၁၂)

1.6K 54 3
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁၂)

🐚🍃🐚

နောက်တစ်နေ့မနက်အစောပိုင်းတွင်စံအိမ်ကိုသူရောက်လာပြန်သည်

ခုမှအိပ်ယာထကာစမျက်နှာပြောင်မို့သူ့ကိုထွက်မတွေ့ရဲဘဲရေမြန်မြန်ချိုး၍ကဗျာကသီမိတ်ကပ်လူးရသည် မမဧကရီကတစ်အိမ်ထဲအတူနေလို့သာတော်သေးသည်

" မမ..သူဘာဖြစ်လို့အစောကြီးရောက်လာတာလဲဟင်.."

" တိူ့လည်းမသိဘူး..ဒါပေမယ့် ညတုန်းကတော့တို့ဆီရှားရှားပါးပါးဖုန်းဆက်ပြီးမေးတယ် ဒီနေ့မင်းရဲ့scheduleကိုသိချင်တာတဲ့..မနက်ပိုင်းမှာဘာအစည်းအဝေးမှမရှိတော့
ကြည့်ရတာမင်းကိုတစ်နေရာရာခေါ်သွားမလို့ထင်တယ်.."

" ဟယ်.."

သူခေါ်သွားတဲ့နေရာတွေကိုကြောက်နေပြီမို့ဒီတစ်ခါလည်းဖြူစိတ်ညစ်သွား၏
ထပ်ပြီးခေါင်မိုးထပ်ကိုခေါ်သွားဦးမှာလားမသိ...

အားလုံးအဆင့်သင့်ဖြစ်မှအလုပ်သွားမယ့်ပုံစံနဲ့ထွက်လာခဲ့သည်

" ဟာ...ကိုယ်က အစောကြီးပါလား.."

" မစောပါဘူး ၇နာရီခွဲနေပြီ.."
" မင်းကအလုပ်သွားမယ့်ပုံစံနဲ့ပါလား...မနက်ပိုင်းဘာမှလုပ်စရာမရှိုဘူးဆို.."

" အော်..အဟင်း..ဒီလိုနေတာအကျင့်ဖြစ်နေပြီလေ.."

နက္ခတ်ရဲ့မျက်ခုံးတန်းတွေအလိုမကျသလိုတွန့်ကုတ်သွား၏
စတွေ့ကတည်းကဆူးကိုအိပ်ယာထကာစပုံစံလိုမျိုးမျက်နှာပြောင်ပြောင် ဆံပင်ပွပွလေးနဲ့တစ်ခါမှမတွေ့ခဲ့ဖူးတာမို့တမင်အစောကြီးရောက်လာကာမှမိတ်ကပ်တွေနဲ့မြင်နေကျအတိုင်းစမတ်ကျကျထွက်လာပြန်သည်...
အရမ်းလှနေတာမှန်ပေမယ့်ပြင်ဆင်ထားခြင်းမရှိတဲ့မျက်နှာလေးကိုလည်းတစ်ခေါက်လောက်တော့မြင်ချင်မိသည် ဆူးဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်သူ့ခံစားချက်မပြောင်းလဲဘူးဆိုတာသေချာနေတာပဲ..
သူတို့နှစ်ယောက်ကြားမှာကိုယ့်ရဲ့နဂိုပုံစံကိုပြသရလောက်တဲ့အထိမရင်းနှီးသေးလို့များလား...
သူ့ဘက်ကတော့ရင်းနှီးယုံမကလို့သူမဆီမှာတစ်စတစ်စငြိတွယ်နေပါပြီ...

၀င်ကစွပ်ပုံပြင်Tempat cerita menjadi hidup. Temukan sekarang