အခန်း၃၆

2.4K 57 3
                                    

၀င်ကစွပ်ပုံပြင်🍃
အခန်း(၃၆)

🍃🍃🍃🍃

အခန်းထဲမှာဖြူရယ် ကိုနက္ခတ်ရယ်သာကျန်နေခဲ့သည်
ကိုနက္ခတ်ကဖြူ့ပုခုံးလေးနှစ်ဖတ်ကိုဆွဲယူ၍သူနဲ့မျက်နှာချင်းဆိုင်ကြည့်စေသည်

" ဖြူ..ဆူးပြောပြတာတွေကိုမင်းယုံကြည်ရဲ့လား..."

ဖြူကခေါင်းငြိမ့်ခေါင်းခါမလုပ်ဘဲသူ့မျက်နှာကိုငေးကြည့်နေသည် ပြီးတော့ခေါင်းငုံ့၍သူ့ရင်ခွင်ထဲတိုး၀င်လာပြီးအင့်ခနဲရိူက်၏

" ဖြူ ဘာဖြစ်လို့လဲ.."

" ဟင့်အင်း.."

သူ့ရင်ဘတ်မှာမျက်နှာကပ်ရင်းတသိမ့်သိမ့်ရိူက်ငိုနေသည်

တုန်ယင်နေတဲ့ခန္ဓာကိုယ်လေးငြိမ်သက်သွားတဲ့အခါရင်ခွင်ထဲကမျက်နှာလေးကိုမေးဖျား‌လေးကမော့ယူကြည်မိသည်

" ပြောပါဦး ဘာလို့ငိုတာလဲ.."

" ဖြူ မယုံကြည်ရဲဘူး..ကိုနက္ခတ်ကဖြူကိုချစ်
နေတယ်ဆိုတာရော ဖြူကိုလိုက်ရှာနေတယ်ဆိုတာရော ဖြူမယုံရဲဘူး ဖြူအိမ်မက်ဘဲဖြစ်လိုက်ချင်တယ်.."

" ဘာဖြစ်လို့အဲ့လိုတွေပြောနေတာလဲဖြူ..မင်းကိုယ့်ကိုချစ်တယ်မလား.."

" ချစ်တတ်တဲ့သူတိုင်းတိုင်းပေါင်းကြရလို့လားကိုနက္ခတ်ရယ်...ဖြူကလေ..ကိုနက္ခတ်လိုလူနဲ့‌ဘယ်နည်းနဲ့မှသက်ဆိုင်မူမရှိတဲ့နေရာကလူပါ...ဖြူကံဆိုးလို့မသမာသူရဲ့ယုတ်မာပတ်စက်တဲ့အကြံအစည်နဲ့လုပ်ကြံခံရတယ် လွတ်မြောက်ခဲ့တော့လည်းကိုယ့်နောက်မှာအရိပ်မဲကြီးနဲ့...
လွတ်မယ့်လမ်းလို့ထင်ခဲ့ပေမယ့်ဒီ့ထက်ပိုနက်တဲ့ချောက်ထဲကျခဲ့ရပြန်တယ်..."

ဖြူကသူ့မျက်နှာကိုမော့မော့လေးငေးနေရင်းပြုံးသည်

" ရှင့်ကိုဖြူချစ်မိခဲ့တယ် သူစိမ်းယောကျာ်းပေါ်မှာထူးဆန်းတဲ့ခံစားချက်ဖြစ်ခဲ့တာဖြူ့ဘ၀မှာပထမဆုံးပဲ...ဖြူ ရှင့်ဆီမှာနစ်၀င်လာလေလေတစ်နေ့ထက်တစ်နေ့ပိုခံစားရလေလေပဲ...ရှင့်ဆီကချစ်တဲ့စကားတွေကြားတိုင်းဖြူငိုချင်တယ်...ကိုယ့်အတွက်မဟုတ်တဲ့ကြင်နာမူမှာနစ်မျောခဲ့တဲ့ဖြူ့ကိုဖြူလည်းမုန်းခဲ့တယ်...ရှင့်ကိုချစ်မိလာတာနဲ့အမျှဖြူအဝေးဆုံးကိုထွက်ပြေးချင်ခဲ့တာ...အဲ့ဒီရက်တွေမှာဖြူတစ်ယောက်တည်းအရူးလိုပဲ..မမဆူးကိုတွေ့လိုက်ရတော့ရှင်နဲ့အလိုက်ဖတ်ဆုံးမိန်းကလေးကမမဆူးပဲဆိုတာဖြူသိလိုက်တယ်...အစားထိုးပြီးနေခဲ့တာလည်းဖြူဆုံးဖြတ်ချက်နဲ့ပဲ...ထွက်သွားတော့လည်းဖြူအားလုံးကိုလွှတ်ချနိုင်ခဲ့တယိ...ဒါပေမယ့်.."

၀င်ကစွပ်ပုံပြင်Onde histórias criam vida. Descubra agora