၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၆)🐚🍃🐚🍃
" ဖြူဆိုတာလေ..မင်းအော်နေတာကိုယ်ကြားတယ်..အဲ့ဒါဘယ်သူလဲ.."
အမူစစ်တစ်ယောက်လိုစူးရှကြည်လင်နေတဲ့
သူ့မျက်၀န်းတွေကိုပြန်ကြည့်ရင်းဖြူဆွံ့အသွားခဲ့သည် ..." ဟို..အဲ့ဒါက၀တ္တုဇာတ်ကောင်နာမည်ပါ.."
" ဘာ.."
" ဆူး..မနေ့ညကဖတ်ထားတဲ့fictionထဲကမင်းသမီးနာမည်ကဖြူလေ အဲ့၀တ္တုကိုတစ်ချိန်လုံးစိတ်စွဲနေတာ..အဲ့ဒါကြောင့်ပါ.."
ဖြူကရှင်းပြလေ သူ့မျက်၀န်းတွေကပိုမသင်္ကာဖြစ်လာလေမို့တံတွေးမျိုချမိသည်
" မင်းက၀တ္တုဖတ်ဖို့အချိန်ရတယ်ပေါ့.."
" အင်း..ပင်ပန်းတော့လည်းဒီလိုပဲအချိန်ယူရတာပေါ့.."
သူ့စိတ်ထဲမှာဖျတ်ခနဲတွေးလိုက်မိတာက
" ဆူးကစာဖတ်ရတာလုံး၀မကြိုက်ဘူး ကိုယ့်အတွက်လိုအပ်ရင်သာဖတ်ချင်ဖတ်လိုက်မယ် ဝါသနာတော့မပါဘူး..."သူ့ကိုအဲ့ဒီအတိုင်းပြောဖူးတဲ့ကောင်မလေးကခုဘယ်လိုလုပ်fictionကိုဝါသနာပါသွားပြန်တာလဲ...
" ဟွန်း.."
ဖြူ့ကိုစိုက်ကြည့်နေရင်းရုတ်တရတ်ပြုံးလိုက်တော့လန့်သွား၏
သူကရှပ်အင်္ကျီရဲ့တတိယမြောက်ရင်ဘတ်ကျယ်သီးကိုဖြုတ်ရင်းပြတင်းတံခါးနားကိုလျှောက်သွားသည် ပြတင်းပေါက်ဘောင်မှာကြောမှီရပ်၍ဖြူ့ဘက်ကိုလှည့်ကြည့်သည်
" ကိုယ်မရှိတဲ့တစ်ပတ်အတွင်းမင်းရဲ့ပြောင်းလဲမူတွေကိုလိုက်လို့တောင်မမှီတော့ဘူး.."
" အမြဲတမ်းတစ်သတ်မတ်တည်းကြီးမနေချင်ပါဘူး ပျင်းဖို့ကောင်းတယ်
တစ်ခါတစ်လေတော့ပြောင်းလဲရမှာပေါ့.."" ပြောင်းလဲချင်းတွေထဲမှာကိုယ့်နားမနေချင်တော့တာလည်းပါမှာပေါ့.."
" ဟင်!"
ဖြူ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားပြီးမော့ကြည့်လိုက်မိသည်
သူကလည်းလက်ပိုက်လျက်ဖြူ့မျက်နှာကိုခပ်တည်တည်ပြန်ကြည့်နေသည်
BINABASA MO ANG
၀င်ကစွပ်ပုံပြင်
Romance" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်တယ်ပြီးမာကျောတဲ့ခရုံခွံလေးတွေကိုရှာဖွေနေခဲ့တယ်တဲ့..တစ်နေ့တော့သူ့ခန္ဓာကိုယ်နဲ့ကွက်တိကျတဲ့ခရုံခွံလှလှလ...