အခန်း(၁)

7.5K 108 8
                                    

၀င်ကစွပ်ပုံပြင်🐚🍃
အခန်း(၁)

🍃🍃🍃

" မေမေ..ဖြူ ဆီချက် ချက်ပြီးပြီနော် အချဉ်ရည်လည်းစပ်ထားပြီးပြီ.."

" အေးပါသမီးရယ်.."

မေမေကအိပ်ယာပေါ်ကနေအတင်းထဖို့လုပ်နေလို့ကွတ်ပျစ်စွန်းလေးမှာ၀င်ထိုင်ပြီးမေမေထိုင်ရလွယ်အောင်လက်မောင်လေးကနေဆွဲထူပေးလိုက်သည်

" နေမကောင်းဘဲနဲ့အတင်းမထနဲ့လေမေမေရယ် ခါးတွေနာကုန်ဦးမယ်"

" ညည်းအမေကမာပါတယ်အေ တစ်ခါတစ်လေနေမကောင်းတာကိုစိတ်မပူနဲ့.."

" မပူလို့ရမလားမေမေရဲ့..လောကကြီးမှာပြေးကြည့်မှဒီအမေတစ်ယောက်ပဲရှိတာကို.."

" အဲ့ဒါဆိုသမီးလေးကယာကျာ်းယူလိုက်လေ ဒါဆ်ုမေမေမရှိတော့ရင်ငါ့သမီးလေးတစ်ယောက်တည်းမကျန်ခဲ့တော့ဘူး.."

" မေမေနော် သေမယ်လို့မပြောနဲ့ ဖြူတကယ်၀မ်းနည်းတယ် မေမေမရှိတော့မှာကိုဖြူမတွေးရဲဘူး.."

တကယ်ငိုချပစ်တော့မလိုမျက်နှာလေးမဲ့သွားတော့လည်းခေါင်းလေးကိုဖွဖွပုတ်မိရင်း...
" တွေ့ဆုံကြုံကွဲဆိုတာဘ၀ဓမ္မတာပဲလေသမီးရယ် တစ်ချိန်မဟုတ်တစ်ချိန်တော့ကွဲကွာရမှာပဲ..ခုတည်းကခံနိုင်ရည်ရှိအောင်.."

" မပြောပါနဲ့ဆိုမေမေကလည်း..ဟင့်.."

၀င်းဝါစိုပြည်သောအသားအရည်...
ခန္ဓာကိုယ်သွယ်သွယ်လေးနဲ့ဖြူစင်နူးညံ့သည့်အပြုံးလေးပိုငိဆိုင်ထားသည့်သမီးလေးကသူ့အဖေပေးထားသည့်" ဇလပ်ဖြူ"ဆိုတဲ့နာမည်လေးနဲ့လိုက်အောင်မြတ်နိုးစရာကောင်းပြီးမြင်သူတကာအေးချမ်းစေတဲ့မိန်းမလှလေးပါ...
သူများထက်ထူးကဲပြီးပန်းရောင်သန်းတဲ့‌ေအာက်နူတ်ခမ်းသားဖူးဖူးလေးပေါ်မှာလည်းအညိုရောင်မှဲ့ကလေးတစ်လုံးပါသေးသည်
နူတ်ခမ်းသားပေါ်မှာမဲ့ပါသည့်မိန်းကလေးကရှားတယ်မလား....
သမီးလေးကနှာခေါင်းလေးစင်းတာတစ်ခုပဲသူ့အဖေနဲ့တူသည် မအေဖြစ်တဲ့သူမ‌နဲ့လည်း
ဆံပင်ကောက်ကောက်လေးတွေမှလွဲ၍ဘာတစ်ခုမှမတူဘဲတမူထူး၍ထူးထူးခြားခြားလှပလေသည်

ကြွေရုပ်လေးလိုလှပသည့်သမီးလေးကဘ၀ပေးကုသိုလ်ကံကော့မကောင်းခဲ့ရှာပေ..
မပြည့်စုံတဲ့မိသားစုမှာမွေးဖွားလာတော့လည်းလောကတံကိုမအေနှင့်အတူတူကြံ့ကြံ့ခံခဲ့ရသည်
ဘယ်လိုပဲတက္ကသိုလ်ကျောင်းသူကြီးဖြစ်လာပေမယ့်ခုထိလည်းအမေအပေါ်ကိုချွဲနေတုန်းပါပဲ...
သူများဆိုရင်သနားတတ် ၀မ်းနည်းတတ်လိုက်တာလည်းသူ့အပြင်မရှိ...

၀င်ကစွပ်ပုံပြင်Tempat cerita menjadi hidup. Temukan sekarang